နိုင်ငံခြားဘာသာစကား ညနေပိုင်းသင်တန်းများအတွက် လျှောက်လွှာခေါ်ယူ

လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ( ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်) မှာ Basic Level I တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ထိုင်းနဲ့ မြန်မာဘာသာ ညနေသင်တန်းတွေအတွက် သင်တန်းသားလျှောက်လွှာတွေ ခေါ်ယူနေပြီဖြစ်ပါတယ်။

သင်တန်းတွေကို အွန်လိုင်းမှလျှောက်လွှာတင်သွင်းရမှာ ဖြစ်ပါတယ်။ http://www.yufl.edu.mm/chrd သို့ ဝင်ရောက်လျှောက်ထားနိုင်မှာဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်၊ နံနက် ၉ နာရီမှစတင်ကာ သတ်မှတ်ဦးရေ ပြည့်သည့်အထိ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာသင်တန်းကို အောက်တိုဘာ ရ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ၃ လကြာဖွင့်လှစ်မှာဖြစ်ပြီး ကျန်ဘာသာရပ်များကို အောက်တိုဘာ ရ ရက်မှ ဧပြီ ၃ ရက်အထိ ၆ လ ကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းတွေကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅ နာရီ ၂၀ မိနစ် မှ ည ရ နာရီအထိ တက်ရောက် ရမှာဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေ တက်လိုသူတွေအနေနဲ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းကာလအနေနဲ့ အောက်တိုဘာ ၅ ရက် မှ ဒီဇင်ဘာ ၂၂ ရက် အထိ အင်္ဂလိပ်ဘာသာသင်တန်းကို ၃ လကြာနဲ့ ကျန်ဘာသာများကို အောက်တိုဘာ ၅ ရက်မှ မတ် ၂၉ ရက်အထိ ၆ လ ကြာတက်ရောက်ရမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားရမှာဖြစ်ပြီး လျှောက်လွှာနဲ့အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် မူရင်းနှင့်မိတ္တူ သို့မဟုတ် အမှတ်စာရင်းမူရင်းနှင့်မိတ္တူ သို့မဟုတ် ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ ဓာတ်ပုံ (၃) ပုံ တို့ကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ အဆိုပါ အထောက်အထားများ သည် အွန်လိုင်းမှ စက်တင်ဘာ ၁၇ ရက်တွင် စတင်လျှောက်ထားပြီး မိမိအမည်အား လက်ခံကြောင်း ကြေညာချက်တွင် တွေ့ရှိပြီးမှသာ ကျောင်းသို့ ယူဆောင်လာရမှာဖြစ်ပါတယ်။ အွန်လိုင်းမှ လျှောက်လွှာတင်သွင်းရာတွင် ပြည့်စုံစွာဖြည့်စွက်ထားပြီး ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် Server သို့ အရင်ရောက်ရှိလာတဲ့လျှောက်လွှာများကို ဦးစားပေးအစီအစဉ်အတိုင်း လက်ခံပေးမှာဖြစ်ပါတယ်။

စက်တင်ဘာ ၁၇ ရက်၊ နံနက် ၉ နာရီမှသာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဝက်ဘ်ဆိုက်၏ သတ်မှတ် ထားသော လိပ်စာတွင် စတင်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းမှ လျှောက်လွှာ တင်သွင်းပြီးနောက် ပုံစံစစ်ဆေးရန်နှင့်သင်တန်းကြေးပေးသွင်းရန်အတွက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ သတ်မှတ်ရက်တွင် ကိုယ်တိုင်လာရောက်ရမှာဖြစ်ပါတယ်။ သင်တန်းကြေးပေးသွင်းပြီးမှသာ သင်တန်းသားအဖြစ် သတ်မှတ်မှာဖြစ်တယ်လို့ သိရပါတယ်။

Basic Level II သင်တန်းနှင့်အထက် သင်တန်းသားတွေအနေနဲ့ တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရမှာ ဖြစ်ပါတယ်။ သင်တန်းဝင်ခွင့်ရရှိတဲ့ အမည်စာရင်းကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဝက်ဘ်ဆိုက်မှာ စက်တင်ဘာ ၂၆ ရက်၊ နံနက် ၁၀ နာရီတွင် ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဖုန်း ၀၁-၅၁၅၂၃၆ နဲ့ ၀၁-၅၃၅၉၈၅ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။