နိုင်ငံခြားတက္ကသိုလ်များ၏ ဘာသာရပ်နှင့်ဝင်ခွင့်သတ်မှတ်ချက် အသစ်များအကြောင်း ဟောပြောပွဲ ပြုလုပ်မည်

နိုင်ငံခြားတက္ကသိုလ်တွေရဲ့ ဘာသာရပ်အသစ်နဲ့ ဝင်ခွင့်သတ်မှတ်ချက်အသစ်များဟောပြောပွဲကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီ မှ ၁၂ နာရီအထိ Novotel Hotel Yangon ရှိ Eureka Room မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဟောပြောပွဲမှာ ၂ဝ၂ဝ တွင် တက္ကသိုလ်ဝင်ခွင့်တွေ ဘယ်လိုပြောင်းမှာလဲ၊ IELTS/TOFEL မဖြေဘဲကျောင်းလျှောက်လို့ရမလား၊နိုင်ငံခြားမှာကျောင်းတက်ချင်တယ်၊ ဝါသနာနဲ့ ဘာသာရပ်တွေ မသိသေးဘူးဆိုရင်ဘာလုပ်ရမလဲ၊ iGCSE ကိုကျောင်းမှာတက်တာနဲ့ အပြင်ကျူရှင်နဲ့ဘာကွာမလဲ၊ တက္ကသိုလ်တွေကလက်ခံပါ့မလား ၊ iGCSE နဲ့ သြစတြေးလျ၊ ကနေဒါတက္ကသိုလ်တွေလျောက်လို့ရမလား၊ အမေရိကန်စနစ်ကျောင်းမှာထားတဲ့ကလေးတွေ (၁၂)တန်းအစား iGCSE ပြင်ရင်ရမလား၊ iGCSE ဘယ်နှစ်ဘာသာယူရမလဲ၊ iGCSE ပြီးရင် တက္ကသိုလ်တက်ဖို့ GCE A ပြင်စရာမလိုဘူးဆိုတာအမှန်လား၊ နိုင်ငံခြားမှာကျောင်းတက်ဖို့ဆို မြန်မာနိုင်ငံမှာအသစ်ပြောင်းမယ့် (၁၂)တန်းပြီးမှ သွားရမလား၊ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ နိုင်ငံခြားမှာကျောင်းဆက်တက်ဖို့ဘယ်လိုပြင်ဆင်မလဲ အစရှိတာတွေကို မေးမြန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ယူအက်စ်၊ ယူကေ၊ သြစတြေးလျ၊ ကနေဒါ၊ စင်ကာပူရှိ တက္ကသိုလ်များမှ တာဝန်ရှိသူများကိုယ်တိုင်လာရောက်ရှင်းလင်းပြောကြားပေးမှာဖြစ်ပြီး တက်ရောက်လိုသူတွေအနေနဲ့ ဖုန်း – ဝ၉ ၉၇၇-၉၇၇-၂ဝဝ၊ ဝ၉ ၄၄၅-၅၆၆-၇ဝ၁~၂ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ