နိုင်ငံခြားငွေလွှဲ ပေးပို့မှုများကို ဘဏ်အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်မည်

ကမ္ဘောဇဘဏ်နဲ့ Tranglo တို့ ပူးပေါင်းကာ နိုင်ငံခြားငွေလွှဲဝန်ဆောင်မှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး နိုင်ငံခြားငွေလွှဲများကို ကမ္ဘောဇဘဏ် customer တွေရဲ့ ဘဏ်အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်ဖို့ ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်အရ ပေးအပ်သွားမယ့် ငွေလွှဲဝန်ဆောင်မှုတွေကို အသုံးပြုကာ မလေးရှား၊ စင်ကာပူနဲ့ တောင်ကိုရီးယား အစရှိတဲ့ နိုင်ငံများမှ မြန်မာအလုပ်သမားများ ပိုမို လွယ်ကူမြန်ဆန်ပြီး လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းနဲ့ မိမိတို့ရဲ့ မိသားစုထံ ငွေပေးပို့နိုင်မှာ ဖြစ်ပါတယ်။

Tranglo ဝန်ဆောင်မှုမှတစ်ဆင့် မြန်မာနိုင်ငံသို့ ငွေလွှဲလိုသူများအနေနဲ့ Tranglo ရဲ့ ငွေလွှဲကောင်တာများ သို့မဟုတ် မလေးရှားနိုင်ငံရှိ MaxMoney ၊ စင်ကာပူနိုင်ငံရှိ SlidesSG ၊ တောင်ကိုရီးယားနိုင်ငံရှိ GME စတဲ့ မိတ်ဖက်ကောင်တာများသို့ သွားရောက်ပြီး ငွေလွှဲနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသို့ ငွေလွှဲလုပ်ဆောင်ချက် တစ်ခုလျှင် အများဆုံး အမေရိကန်ဒေါ်လာ (၅,၀၀၀) နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို ငွေလွှဲပေးပို့နိုင်ပြီး ငွေလွှဲ လုပ်ဆောင်ဖို့ ငွေလက်ခံမယ့်သူရဲ့အမည်နဲ့ ၎င်းရဲ့ ကမ္ဘောဇဘဏ်အကောင့်နံပါတ်တို့ လိုအပ်မှာဖြစ်ပါတယ်။

Tranglo က ပေးအပ်လိုက်တဲ့ ဝန်ဆောင်မှုအသစ်အရ ငွေလွှဲလက်ခံသူအနေနဲ့ ၎င်းရဲ့ ကမ္ဘောဇဘဏ် စာရင်းရှင်အပ်ငွေစာရင်း (Current Account)၊ ငွေစုဘဏ်အပ်ငွေစာရင်း (Saving Deposit Account) သို့မဟုတ် ခေါ်ယူအပ်ငွေစာရင်း(Call Deposit Account) များမှတစ်ဆင့် တိုက်ရိုက်၊ ချက်ချင်း ငွေလက်ခံရယူနိုင်မှာ ဖြစ်ပါတယ်။ ငွေလွှဲလက်ခံသူတွေမှာ မိမိတို့ရဲ့ iBanking သို့မဟုတ် mBanking အကောင့်များသို့ ဝင်ရောက်ပြီး ငွေအဝင်ကို ချက်ချင်း ကြည့်ရှုစစ်ဆေးနိုင်မှာ ဖြစ်တဲ့အပြင် ငွေထုတ်ယူရာတွင်လည်း ဘဏ်ခွဲများသို့ သွားရောက်စရာ မလိုတော့ဘဲ နီးစပ်ရာ ကမ္ဘောဇဘဏ် ATM စက်တွင် ငွေလွှဲထုတ်ယူခြင်း သို့မဟုတ် ၎င်းတို့ရဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ်များ မှတစ်ဆင့် ထုတ်ယူခြင်း စတဲ့ မိမိအတွက် အဆင်ပြေမည့်နည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အချို့သော ငွေလွှဲဝန်ဆောင်မှုတွေနဲ့ မတူတဲ့ အချက်မှာ ငွေလွှဲလက်ခံသူဘက်က အခကြေးငွေ တစ်စုံတစ်ရာပေးရန် မလိုအပ်ဘဲ ငွေများအားလုံးကို မိမိတို့ရဲ့ ကမ္ဘောဇဘဏ်အကောင့်ထဲသို့ တိုက်ရိုက်လွှဲပြောင်း ရယူနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်ကို ကမ္ဘောဇဘဏ် Customer Service ရဲ့ Hotline နံပါတ်ဖြစ်တဲ့ ဖုန်း – ၀၉၉၅၁၀ ၁၈၅၅၅ သို့မဟုတ် customer_service@kbzbank.com သို့ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««