နားမကြားသူတွေအတွက် အကူအညီပေးမယ့် လုပ်ဆောင်ချက် Samsung Galaxy Buds Pro မှာပါဝင်လာ

Samsung ဟာ Galaxy S21 စီးရီးဖုန်းနဲ့အတူ Galaxy Buds Pro ကြိုးမဲ့နားကြပ်ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် Samsung ဟာ နားမကြားသူတွေအတွက် အကြားအာရုံမြှင့်တင်ပေးမယ့် လုပ်ဆောင်ချက်ကို Galaxy Buds Pro အတွက် ဖြန့်လိုက်ပါတယ်။

ဒါ့အပြင် Galaxy Buds Pro နားကြပ်အတွက် ဘယ်နဲ့ ညာ earbud အသံကို ချိန်ညှိတာနဲ့ Bixby အမိန့်ပေးခိုင်းစေတာကိုလည်း အဆင့်မြှင့်တင်လိုက်ပါတယ်။ အခု update ကတော့ R190XXU0AUA1 ဆိုတာဖြစ်ပြီး 2.2MB အရွယ်ရှိပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««