နာရီ ၅၀၀ စာ အစီအစဉ်တွေ ကြည့်ရှုခွင့်ပေးလိုက်တဲ့ HBO

HBO ဟာ ဧပြီ ၃ ရက်စပြီး အခကြေးငွေပေးစရာမလိုဘဲ စီးရီးနဲ့ အစီအစဉ်တွေကို ကြည့်ရှုခွင့်ပြုလိုက်ပါတယ်။ HBO ရဲ့ #StayHomeBoxOffiice အစီအစဉ်အရ COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း လူတွေကို အိမ်မှာပဲ နေထိုင်ဖို့ တွန်းအားပေးတာပဲ ဖြစ်ပါတယ်။

HBO အတွက် HBO Now နဲ့ HBO Go paywall‌ တွေကျော်လွန်ပြီး အလွန်များပြားတဲ့ အစီအစဉ်တွေကို ပထမဆုံးအကြိမ်အဖြစ် အခမဲ့ ပေးဝေခဲ့တာ ဖြစ်ပါတယ်။ HBO ရဲ့နာမည်ကျော် စီးရီးတွေ၊ ရုပ်ရှင်ကားတွေနဲ့ မှတ်တမ်းကားတွေကို ကြည့်နိုင်ပြီ ဖြစ်ပါတယ်။

HBO မှာအခမဲ့ ကြည့်နိုင်မယ့် စီးရီးတွေမှာ The Sopranos, Veep, Six Feet Under နဲ့ The Wire တို့လို နာမည်ကျော် HBO စီးရီးတွေအပြင် Pokemon Detective Pikachu, The Lego Movie 2: The Second Part နဲ့ Carzy, Stupid, Live တို့လည်းပါဝင်လာပါတယ်။

သုံးစွဲသူက HBO Now နဲ့ HBO Go app တွေကို download လုပ်ကာ အခမဲ့အဖြစ် စီးရီးတွေကို ကြည့်နိုင်ပြီ ဖြစ်ပါတယ်။

-စိုးထက်
Ref: Input