နာရီအနည်းငယ်အတွင်း Redmi Note 9 ဖုန်း ၃၀၀,၀၀၀ ရောင်းချခဲ့ရ

Xiaomi ဟာ ပြီးခဲ့တဲ့အပတ်က Redmi Note 9 ဖုန်း ၃ မျိုး Redmi Note 9 5G, Redmi Note 9 Pro 5G နဲ့ Redmi Note 9 4G ကိုမိတ်ဆက်ခဲ့ပါတယ်။

ဖုန်းသစ်တွေကိုတော့ တရုတ်မှာ စတင် ရောင်းချခဲ့ပါတယ်။ ဖုန်းဟာ နာရီအနည်းငယ်အတွင်း အလုံးရေ ၃၀၀,၀၀၀ စံချိန်တင် ရောင်းချနိုင်ခဲ့ပါတယ်။ Xiaomi က Weibo မှ တရားဝင် Redmi account ကနေ ဖုန်းတွေ ရောင်းချခဲ့ပါတယ်။

Redmi Note 9 4G, Redmi Note 9 5G နဲ့ Redmi Note 9 Pro 5G ဟာ ဈေးနှုန်းသင့်တင့်ပါတယ်။ Redmi Note 9 Pro 5G ကတော့ ထူးခြားပြီး 120Hz မျက်နှာပြင်၊ ကင်မရာ 108MP ပါဝင်ပြီး ယွမ် ၁,၅၉၉ ကျသင့်ပါမယ်။
ငွေလဲနှုန်းနဲ့ဆိုရင် ဒေါ်လာ ၂၄၃ လောက် ကျသင့်နိုင်ပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««