နာမည်ကြီး Mandalorian စီးရီး AR app ဖြန့်ချိ

Google နဲ့ Disney ဟာ The Mandalorian နဲ့ Baby Yoda ပါဝင်တဲ့ AR အတွေ့အကြုံ app တစ်ခုကို ဖြန့်ချိလိုက်ပါတယ်။

The Mandalorian AR ကတော့ Mando, Din Djarin နဲ့ ကလေးငယ် ခြေရာခံရပါမယ်လို့ Google က AR ပူးပေါင်းမှု အကြီးအကဲ မက်သယူးလိုရိန်းက ပြောခဲ့ပါတယ်။ ကစားသူတွေက AR ထဲမှာ ဇာတ်ကောင်နဲ့ အပြန်အလှန် တုံ့ပြန်နိုင်ပြီး app က မြင်ကွင်းတွေကို ဝေမျှနိုင်ပါတယ်။ အခု app ကို Google ရဲ့ AR အတွေ့အကြုံ developer platform ဖြစ်တဲ့ ARCore ထဲမှာ တည်ဆောက်ထားပါတယ်။ ARCore Depth API ကို အသုံးပြုရပါမယ်။

Google ဟာ Disney , Lucasfilm နဲပူးပေါင်းပြီး The Mandalorian ပထမ season က မော်ဒယ်နဲ့ animation တွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ရုပ်ရှင်စီးရီး အပိုင်းသစ်အတွက် အတွေ့အကြုံတွေက app မှာ အပတ်စဉ်ထွက်လာပါမယ်။ ဒါကြောင့် The Mandalorian Season 2 လည်း app မှာပါဝင်လာပါမယ်။

စိုးထက်

Ref: TheVerge