နာမည်ကျော် Facebook ဂိမ်း FarmVille ပိတ်သိမ်းတော့မယ်

Facebook မှာကျော်ကြားခဲ့ဖူးတဲ့ FarmVille ဂိမ်းကိုတော့ ၁၁ နှစ် အကြာမှာ ပိတ်သိမ်းပါတော့မယ် ။ FarmVille ဟာ Facebook မှာ လူတွေနှစ်သက်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး platform ရဲ့ အစောပိုင်းအောင်မြင်ခဲ့တဲ့ ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒီနှစ်ကုန်မှာ Facebook ဟာ စီးပွားရေးလမ်းကြောင်းပေါ်မှာ မရှိတဲ့ Flash အခြေခံဂိမ်းထောက်ပံ့မှုတွေကို အဆုံးသတ်တော့ပါမယ်။ FarmVille ဖန်တီးသူ Zynga ကတော့ ဂိမ်းအတွင်းက ဝယ်ယူမှုတွေကို နိုဝင်ဘာ ၁၇ ရက်အထိပဲ လုပ်နိုင်ပြီး ဂိမ်းအတွင်းက event တွေကိုလည်း စီစဉ်ထားပါတယ်။

၂၀၀၉ ခုနှစ်က စတင်ခဲ့တဲ့ Social gaming တွေထွက်ရှိတဲ့ အချိန်လောက်မှာပဲ FarmVille ကထွက်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ FarmVille လစဉ်ကစားသူ ၇၃ သန်း ရှိခဲ့ပါတယ်။ အချိန်ကာလအရ Facebook သုံးစွဲသူ ၂၀ ရာခိုင်နှုန်းက ကစားခဲ့ကြပါတယ်။ FarmVille အောင်မြင်မှုကြောင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း Zynga ရဲ့ ၇ ဘီလျံ အများပိုင်ကုမ္ပဏီပြုလုပ်မှု ဖြစ်ပေါ်လာပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ FarmVille 2 လစဉ်ကစားသူ အရေအတွက် သန်း ၄၀ ရှိတယ်လို့ Zynga က infographic နဲ့ပြသခဲ့ပါတယ်။ FarmVille အဆက် FarmVille 2 ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ခဲ့ပြီး မိုဘိုင်းထုတ်ကုန်တွေမှာ ကစားနိုင်ပါတယ်။ Zynga က CityVille, CastleVille, ChefVille, FishVille နဲ့ The Ville အပါအဝင် တည်ဆောက်ရေးနဲ့ ဘဝနေထိုင်ရေး sim ဂိမ်းတချို့ကို ထုတ်လုပ်ခဲ့ပါသေးတယ်။

-စိုးထက်
Ref: TNW, Polygon

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««