နာမည်ကျော် AnTuTu ကို Play Store ကနေ Google ဖယ်ရှား

Google ဟာ Play Store ပေါ်လစီကို ချိုးဖောက်တဲ့ကုမ္ပဏီတွေကို ပြင်းထန်စွာအပြစ်ပေးနေပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်လောက်က Android app ရာပေါင်းများစွာကို ဖယ်ရှားခဲ့ပါတယ်။ အခုဆိုရင်လည်း Google က နာမည်ကျော် benchmark app ဖြစ်တဲ့ AnTuTu ကို PlayStore ကနေဖယ်ရှားလိုက်ပါတယ်။

AnTuTu ဟာ Cheetah Mobile နဲ့ဆက်စပ်နေတဲ့အတွက် ဖယ်ရှားခံရတာဖြစ်တယ်လို့ AndroidPolice က ဖော်ပြခဲ့ပါတယ်။ Cheetah Mobile ကပိုင်ဆိုင်တဲ့ app တွေဟာ play store ပေါ်လစီတွေ အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် Google ကပိတ်ပင်ခဲ့ဖွယ်ရှိပါတယ်။

ဒါပေမဲ့ AnTuTu ကို Cheetah Mobile က အပြည့်အဝ မပိုင်ဆိုင်ပါဘူး။ AnTuTu ရဲ့ဥက္ကဋ္ဌနဲ့ မန်နေဂျာဟောင်း ဖူရှန်က Cheetah Mobile မှာ အမှုဆောင်အရာရှိချုပ်အဖြစ် လုပ်ကိုင်လျက်ရှီပါတယ်။ AnTuTu ဟာ သီးခြားလွတ်လပ်တဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။

AnTuTu ကတော့ Play Store ကနေ ဖယ်ရှားခံရတဲ့အကြောင်းကတော့ ကုမ္ပဏီရဲ့ privacy ပေါ်လစီကြောင့် ဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။

စိုးထက်
Ref: PhoneArena