နာမည်ကျော် Animal Crossing လိုမျိုး Android မှာရှိတဲ့ ဂိမ်း (၁၀) မျိုး

Animal Crossing: New Horizons ဟာ Nintendo Switch မှာထွက်လာပါတယ်။ ပထမလအတွင်း ဒီဂျစ်တယ်ပေါ်မှာ ၅ သန်းရောင်းချခဲ့ရပြီး ၂၀၂၀ မတ်လအတွင်း ရောင်းအားအကောင်းဆုံးဂိမ်းဖြစ်ပါတယ်။ Animal Crossing ဂိမ်းက life simulation ဂိမ်းဖြစ်တယ်။ လူသူမရှိတဲ့ ကျွန်းပေါ်မှာ စခန်းတည်ဆောက်တာ၊ ကိုယ်ပိုင်ဇာတ်ကောင်၊ နေအိမ်ဖန်တီးအလှဆင်တာနဲ့ ပတ်ဝန်းကျင်ကို ပြုပြင်တာတွေလုပ်နိုင်ပါတယ်။ Animal Crossing လိုမျိုး ဂိမ်း Android မှာရှိသလားဆိုတာ စဉ်းစားမိကြမှာပါ။ Animal Crossing လိုမျိုးဂိမ်းတွေ တခြား platform မှာရှိခဲပါတယ်။ ခပ်ဆင်ဆင်ဂိမ်းတွေ ရှိပါတယ်။

Animal Crossing: Pocket Camp
ဈေးနှုန်း- အခမဲ့

Nintendo က Animal Crossing ဂိမ်းလိုမျိုး မိုဘိုင်းမှာ ရှိပါတယ်။ Nintendo Switch ဗားရှင်းလောက် မကြီးမားပါဘူး။ တချို့အရာတွေ တူပါတယ်။ ဂိမ်းမှာ ပရိဘောဂပေါင်း ၁,၀၀၀ ကျော်၊ အဝတ်အစား ၃၀၀ နဲ့ ဂိမ်းအသေးစားများစွာ ပါဝင်လာပါတယ်။

Castaway Paradise
ဈေးနှုန်း- အခမဲ့

Castaway Paradise ကတော့ Animal Crossing ပုံတူဂိမ်းတစ်မျိုးပါပဲ။ Animal Crossing လိုမျိုး ကျွန်းပေါ်မှာ ဂိမ်းကို စတင်ရပါမယ်။ ငါးနဲ့ အကောင်တွေ ဖမ်းတာ၊ အိမ်အလှဆင်တာ၊ အပင်စိုက်နဲ့ ရွာသားတွေနဲ့ အလုပ်ပူးပေါင်းလုပ်တာတို့ ပါဝင်လာပါတယ်။

Don’t Starve: Shipwrecked
ဈေးနှုန်း- ဒေါ်လာ ၄.၉၉

အခုဂိမ်းက Animal Crossing လိုမျိုး စိတ်ကျေနပ်စရာကောင်းတဲ့ သဘာဝပတ်ဝန်းကျင် ပါ၀င်လာပါတယ်။ အခုဂိမ်းက အချိန်အတန်ကြာ ရှင်သန်နိုင်ဖို့ အလုပ်များစွာ လုပ်ဖို့လိုပါတယ်။ ဂိမ်းက အားနည်းချက်တွေရှိသလို ဂိမ်းထိန်းချုပ်မှုပိုင်းလည်း တိုးတက်ဖို့လိုပါသေးတယ်။

Emulators
ဈေးနှုန်း- အခမဲ့/ ဒေါ်လာ ၄.၉၉

ဂိမ်းစက်ဟောင်းပေါ်မှာ Animal Crossing ဂိမ်းတွေရှိပါတယ်။ အဲဒီဂိမ်းတွေကို emulator နဲ့ပဲ ကစားနိုင်ပါတယ်။ DraStic DS Emulator, M64Plus FZ နဲ့ Dolphin Emulator တို့မှာ Animal Crossing ဂိမ်းတွေ ကစားနိုင်ပါတယ်။

HarvestMoon: Seeds of Memories
ဈေးနှုန်း- ဒေါ်လာ ၉.၉၉

Harvest Moon ဟာ Animal Crossing ရဲ့အကြီးမားဆုံးပြိုင်ဘက်ပါ။ မိုဘိုင်းမှာ ထွက်ရှိထားပါတယ်။ Harvest Moon 3D: The Lost Valley ကိုအခြေခံထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ဂိမ်းကိုတော့ ၉.၉၉ ဒေါ်လာနဲ့ဝယ်ယူ ကစားရမှာဖြစ်ပြီး in-app purchase မပါဝင်ပါဘူး။

Happy Street
ဈေးနှုန်း- အခမဲ့

Happy Street ကတော့ မြို့တည်ဆောက်တာ၊ လယ်လုပ်တာနဲ့ လူမှုရေးအသိုက်အဝန်းဖန်တီးတာတွေ ပေါင်းစပ်ထားတဲ့ 2D ဂိမ်းဖြစ်ပါတယ်။ ကစားသူက နိုင်ငံသားတွေ အကျိုးအမြတ်ရစေမယ့် မြို့တည်ဆောက်ပြီး ရင်းမြစ်အမျိုးမျိုးကို စုဆောင်းတာ၊ လယ်ယာလုပ်ကိုင်တာ၊ ဇာတ်ကောင်ကို ပြင်ဆင်တာနဲ့ ဧရိယာအမျိုးမျိုးကို စူးစမ်းတာတွေ ပြုလုပ်ရပါတယ်။

Minecraft (or Terraria)
ဈေးနှုန်း- ဒေါ်လာ ၆.၉၉နဲ့ in-app purchase ပါဝင်

Minecraft ကတော့ ဂန္တဝင်ဂိမ်းတစ်မျိုးပါ။ ကစားသူက လယ်ယာလုပ်ကိုင်တာ၊ ပစ္စည်းဖန်တီးတာ၊ ပတ်ဝန်းကျင် စူးစမ်းတာ၊ ကိုယ်ပိုင်အဆောက်အဦ တည်ဆောက်တာတွေ လုပ်ရပါမယ်။ Terraria ကတော့ Minecraft လိုမျိုး ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ နှစ်သက်ရာတစ်ခုကို ကစားနိုင်ပါတယ်။

Poom Games
ဈေးနှုန်း- အခမဲ့

Poom Games ဆိုတာ Animal Crossing လိုမျိုး ဂိမ်းတွေ ထုတ်လုပ်နေတဲ့ developer ဖြစ်ပါတယ်။ Poom Games ရဲ့ Cat Forest, Animal Camp လိုမျိုး ဂိမ်းတွေ ကစားနိုင်ပါတယ်။

Seabeard
ဈေးနှုန်း- အခမဲ့

Seabeard ကတော့ Animal Crossing လိုမျိုး သက်တမ်းရှည်ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ ဂိမ်းမှာ ကစားသူက ပင်လယ်ဓားပြအဖြစ် စတင်ကစားရမှာ ဖြစ်ပါတယ်။ ကစားသူ ကျွန်းတွေပေါ် လျှောက်သွားတာ၊ အစားအစာချက်ပြုတ်တာ၊ ဇာတ်ကောင်သစ်တွေနဲ့ တွေ့ဆုံပြီး ကုန်သွယ်တာနဲ့ သင်္ဘောပျက်က လူတွေကို ကယ်တာတွေ လုပ်ရပါမယ်။

Stardew Valley
ဈေးနှုန်း- ဒေါ်လာ ၆.၉၉

Stardew Valley ကတော့ Harvest Moon နဲ့ဆင်ပါတယ်။ စွန့်ပစ်ထားတဲ့ လယ်ယာကို ပြန်လည်တည်ဆောက်ရပါမယ်။ မြို့ငယ်လေးက လူတွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းဆောင်တာတွေ ပြုလုပ်နိုင်ပါတယ်။

-စိုးထက်
Ref: AndroidAuthority