နာမည္ေက်ာ္ ROM ဝက္ဘ္ဆိုက္ ၂ ခုကုိ ပိတ္ပင္ဖို႔ တရားစြဲလိုက္တဲ့ Nintendo

Nintendo ဟာ Nintendo ဗီဒီယိုဂိမ္းအေဟာင္းေတြရဲ႕ ROM ေတြကို ေထာက္ပံ့ေပးေနတဲ့ ဝက္ဘ္ဆိုက္ ၂ ခုကုိ တရားစြဲဆိုခဲ့ပါတယ္။ အဲဒီဝက္ဘ္ဆိုက္ေတြဟာ အရွက္မရွိဘဲ Nintendo ရဲ႕ဉာဏမူပိုင္ခြင့္အမ်ားအျပားကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ အဲဒီဝက္ဘ္ဆိုက္ထဲက တစ္ခုျဖစ္တဲ့ LoveRetro.co ကေတာ့ offline ျဖစ္သြားပါၿပီ။

အျခားတစ္ခုျဖစ္တဲ့ LoveROMS ကေတာ့ Nintendo ဖိုင္ေတြကို လမ္းညႊန္ထဲကေန ဖယ္ထုတ္လုိက္တယ္လို႔ TorrentFreak ကေဖာ္ျပခဲ့ပါတယ္။ အဲဒီဝက္ဘ္ဆိုက္ ၂ ခုစလုံးကို လူတစ္ဦးတည္းက ေဆာင္ရြက္တယ္လို႔လည္း Nintendo ရဲ႕ တိုင္ၾကားခ်က္မွာ ေဖာ္ျပထားပါတယ္။

“LoveROMs နဲ႔ LoveRETRO ဝက္ဘ္ဆိုက္ေတြဟာ မူပိုင္ခြင့္ခ်ိဳးေဖာက္ထားတဲ့ ဗီဒီယိုဂိမ္းေတြအတြက္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားၿပီး အလြတ္လပ္ဆုံး online hub ေတြထဲမွာ ပါဝင္တယ္” လို႔ အရီဇိုးနားျပည္နယ္ ခ႐ိုင္ အေမရိကန္ခ႐ိုင္တရား႐ုံးမွာ ဇူလိုင္လ ၁၉ ရက္က တင္သြင္းခဲ့တဲ့ Nintendo ရဲ႕အမႈတြဲမွာ ေဖာ္ျပထားပါတယ္။

“LoveROMs နဲ႔ LoveRETRO ဝက္ဘ္ဆိုက္ေတြကတစ္ဆင့္ Nintendo ရဲ႕ခြင့္ျပဳခ်က္မယူဘဲ တရားၿပိဳင္ေတြဟာ Nintendo ဗီဒီယိုဂိမ္းေခြေတြကုိ တစ္ဆင့္ထုတ္လုပ္ျဖန္႔ခ်ိၿပီး ေဖာ္ျပထားပါတယ္။ အဲဒီအထဲမွာ Nintendo က ထုတ္လုပ္သမွ် ဗီဒီယိုဂိမ္းစနစ္အားလုံးနီးပါးျဖစ္တဲ့ ဂိမ္းေထာင္ေပါင္းမ်ားစြာ ပါဝင္လာပါတယ္” လို႔ ေရးသားထားပါတယ္။

အခုတရားစြဲဆိုမႈရဲ႕ နစ္နာေၾကးေတာင္းဆိုမႈက ဂိမ္းအားလုံးကုိ ေရတြက္ထားမယ္ဆိုရင္ ေဒၚလာသန္း ၁၀၀ ပမာဏအထိ ရွိလာႏိုင္ပါတယ္။ နစ္နာေၾကးပမာဏနဲ႔ တရားဝင္အမိန္႔စာေတြက အမွန္တကယ္ နစ္နာေၾကးေတာင္းဆိုမႈထက္ ဝက္ဘ္ဆိုက္ေတြကို ပိတ္ပစ္ေအာင္ ဖိအားေပးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ Nintendo က ဒိုမိန္းအမည္ေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ ႐ုံးေတာ္ကုိ တရားဝင္အမိန္႔စာ ေတာင္းခံထားပါတယ္။

စုိးထက္
Ref: Polygon

[ Unicode ]

Nintendo ဟာ Nintendo ဗီဒီယိုဂိမ်းအဟောင်းတွေရဲ့ ROM တွေကို ထောက်ပံ့ပေးနေတဲ့ ဝက်ဘ်ဆိုက် ၂ ခုကို တရားစွဲဆိုခဲ့ပါတယ်။ အဲဒီဝက်ဘ်ဆိုက်တွေဟာ အရှက်မရှိဘဲ Nintendo ရဲ့ဉာဏမူပိုင်ခွင့်အများအပြားကို ချိုးဖောက်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီဝက်ဘ်ဆိုက်ထဲက တစ်ခုဖြစ်တဲ့ LoveRetro.co ကတော့ offline ဖြစ်သွားပါပြီ။

အခြားတစ်ခုဖြစ်တဲ့ LoveROMS ကတော့ Nintendo ဖိုင်တွေကို လမ်းညွှန်ထဲကနေ ဖယ်ထုတ်လိုက်တယ်လို့ TorrentFreak ကဖော်ပြခဲ့ပါတယ်။ အဲဒီဝက်ဘ်ဆိုက် ၂ ခုစလုံးကို လူတစ်ဦးတည်းက ဆောင်ရွက်တယ်လို့လည်း Nintendo ရဲ့ တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။

“LoveROMs နဲ့ LoveRETRO ဝက်ဘ်ဆိုက်တွေဟာ မူပိုင်ခွင့်ချိုးဖောက်ထားတဲ့ ဗီဒီယိုဂိမ်းတွေအတွက် နာမည်ဆိုးနဲ့ ကျော်ကြားပြီး အလွတ်လပ်ဆုံး online hub တွေထဲမှာ ပါဝင်တယ်” လို့ အရီဇိုးနားပြည်နယ် ခရိုင် အမေရိကန်ခရိုင်တရားရုံးမှာ ဇူလိုင်လ ၁၉ ရက်က တင်သွင်းခဲ့တဲ့ Nintendo ရဲ့အမှုတွဲမှာ ဖော်ပြထားပါတယ်။

“LoveROMs နဲ့ LoveRETRO ဝက်ဘ်ဆိုက်တွေကတစ်ဆင့် Nintendo ရဲ့ခွင့်ပြုချက်မယူဘဲ တရားပြိုင်တွေဟာ Nintendo ဗီဒီယိုဂိမ်းခွေတွေကို တစ်ဆင့်ထုတ်လုပ်ဖြန့်ချိပြီး ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ Nintendo က ထုတ်လုပ်သမျှ ဗီဒီယိုဂိမ်းစနစ်အားလုံးနီးပါးဖြစ်တဲ့ ဂိမ်းထောင်ပေါင်းများစွာ ပါဝင်လာပါတယ်” လို့ ရေးသားထားပါတယ်။

အခုတရားစွဲဆိုမှုရဲ့ နစ်နာကြေးတောင်းဆိုမှုက ဂိမ်းအားလုံးကို ရေတွက်ထားမယ်ဆိုရင် ဒေါ်လာသန်း ၁၀၀ ပမာဏအထိ ရှိလာနိုင်ပါတယ်။ နစ်နာကြေးပမာဏနဲ့ တရားဝင်အမိန့်စာတွေက အမှန်တကယ် နစ်နာကြေးတောင်းဆိုမှုထက် ဝက်ဘ်ဆိုက်တွေကို ပိတ်ပစ်အောင် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Nintendo က ဒိုမိန်းအမည်တွေကို ထိန်းချုပ်ဖို့အတွက် ရုံးတော်ကို တရားဝင်အမိန့်စာ တောင်းခံထားပါတယ်။

စိုးထက်
Ref: Polygon