နာမည္ေက်ာ္ လူမႈေရးမီဒီယာ app Musical.ly ကို TikTok နဲ႔ ေပါင္းစပ္

Musical.ly ဟာ ဆယ္ေက်ာ္သက္ေတြနဲ႔ လူငယ္ေတြအၾကား ေရပန္းစားေနတဲ့ app တစ္ခုျဖစ္ပါတယ္။ အခုဆိုရင္ အဲဒီ app ရဲ႕သုံးစြဲသူအခ်က္အလက္နဲ႔ account ေတြကုိ TikTok နဲ႔ ပူးေပါင္းလိုက္ပါတယ္။ TikTok ကုိ ပုိင္ဆိုင္တဲ့ တ႐ုတ္ကုမၸဏီ ByteDance ဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက Musical.ly ကို ေဒၚလာ ၁ ဘီလ်ံ ဝန္းက်င္နဲ႔ ဝယ္ယူခဲ့တဲ့ေနာက္ အခုလို အေျပာင္းအလဲ ျဖစ္လာတာ ျဖစ္ပါတယ္။

Musical.ly သုံးစြဲသူေတြကုိ TikTok account ေတြဆီ ေရႊ႕ေျပာင္းေပးသြားမွာ ျဖစ္တဲ့အတြက္ interface သစ္ေတြပါဝင္လာသလုိ app ႏွစ္ခုစလုံးရဲ႕ အဓိက feature ျဖစ္တဲ့ ၁၅ မိနစ္ ဗီဒီယိုအတိုေတြ ဆက္လက္ပါဝင္လာပါတယ္။

ဆယ္ေက်ာ္သက္ေတြအသုံးျပဳတဲ့ ကာရာအိုေက app Musical.ly ကို အေမရိကန္ ေဈးကြက္ထဲဝင္ေရာက္ဖို႔က ByteDance ရဲ႕နည္းဗ်ဴဟာအႀကီးအစားျဖစ္ၿပီး မၾကာေသးခင္ကမွ လစဥ္သုံးစြဲသူ သန္း ၁၀၀ အထိ ျပည့္ေျမာက္ခဲ့ပါတယ္။ သက္တမ္း ၄ ႏွစ္ရွိၿပီ ျဖစ္တဲ့ Musical.ly ဟာ အေမရိကန္မွာ ေရပန္းအစားဆုံး app တစ္ခုျဖစ္ပါတယ္။ Tiktok ကုိေတာ့၂၀၁၆ ခုႏွစ္မွာ ဖန္တီးခဲ့ၿပီး ကမ႓ာတစ္ဝန္းမွာ လစဥ္သုံးစြဲသူ သန္း ၅၀၀ ရွိတယ္လို႔ သိရပါတယ္။ ၂၀၁၈ ခုႏွစ္ ပထမသုံးလပတ္မွာ TikTok ဟာ ကမ႓ာေပၚက download အျပဳလုပ္ဆုံး iOS app ျဖစ္ခဲ့တယ္လို႔ အေမရိကန္သုေတသနကုမၸဏီ Sensor Tower ကေဖာ္ျပခဲ့ပါတယ္။
TikTok ဟာ တ႐ုတ္ႏိုင္ငံမွာေတာ့ သီးသန္႔ app အျဖစ္ရပ္တည္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ByteDance ဟာ တ႐ုတ္မွာ Toutiao နဲ႔ တစ္ကမ႓ာလုံးအတြက္ TopBuzz ဆိုၿပီး သတင္း app ေတြကို မိတ္ဆက္ခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Musical.ly ဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေအကြား ရေပန်းစားနေတဲ့ app တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် အဲဒီ app ရဲ့သုံးစွဲသူအချက်အလက်နဲ့ account တွေကို TikTok နဲ့ ပူးပေါင်းလိုက်ပါတယ်။ TikTok ကို ပိုင်ဆိုင်တဲ့ တရုတ်ကုမ္ပဏီ ByteDance ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက Musical.ly ကို ဒေါ်လာ ၁ ဘီလျံ ဝန်းကျင်နဲ့ ဝယ်ယူခဲ့တဲ့နောက် အခုလို အပြောင်းအလဲ ဖြစ်လာတာ ဖြစ်ပါတယ်။

Musical.ly သုံးစွဲသူတွေကို TikTok account တွေဆီ ရွှေ့ပြောင်းပေးသွားမှာ ဖြစ်တဲ့အတွက် interface သစ်တွေပါဝင်လာသလို app နှစ်ခုစလုံးရဲ့ အဓိက feature ဖြစ်တဲ့ ၁၅ မိနစ် ဗီဒီယိုအတိုတွေ ဆက်လက်ပါဝင်လာပါတယ်။

ဆယ်ကျော်သက်တွေအသုံးပြုတဲ့ ကာရာအိုကေ app Musical.ly ကို အမေရိကန် ဈေးကွက်ထဲဝင်ရောက်ဖို့က ByteDance ရဲ့နည်းဗျူဟာအကြီးအစားဖြစ်ပြီး မကြာသေးခင်ကမှ လစဉ်သုံးစွဲသူ သန်း ၁၀၀ အထိ ပြည့်မြောက်ခဲ့ပါတယ်။ သက်တမ်း ၄ နှစ်ရှိပြီ ဖြစ်တဲ့ Musical.ly ဟာ အမေရိကန်မှာ ရေပန်းအစားဆုံး app တစ်ခုဖြစ်ပါတယ်။ Tiktok ကိုတော့၂၀၁၆ ခုနှစ်မှာ ဖန်တီးခဲ့ပြီး ကမ႓ာတစ်ဝန်းမှာ လစဉ်သုံးစွဲသူ သန်း ၅၀၀ ရှိတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်မှာ TikTok ဟာ ကမ႓ာပေါ်က download အပြုလုပ်ဆုံး iOS app ဖြစ်ခဲ့တယ်လို့ အမေရိကန်သုတေသနကုမ္ပဏီ Sensor Tower ကဖော်ပြခဲ့ပါတယ်။
TikTok ဟာ တရုတ်နိုင်ငံမှာတော့ သီးသန့် app အဖြစ်ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ByteDance ဟာ တရုတ်မှာ Toutiao နဲ့ တစ်ကမ႓ာလုံးအတွက် TopBuzz ဆိုပြီး သတင်း app တွေကို မိတ်ဆက်ခဲ့ပါတယ်။

စိုးထက်
Ref: TheVerge