
Facebook ဟာ အဖွဲ့လိုက် မုန်းတီးရေး ရုပ်ပုံ စည်းမျဉ်းကို ချိုးဖောက်တဲ့ ထရမ့် ရွေးကောက်ပွဲကြော်ငြာကို ဖယ်ရှားလိုက်ပါတယ်။
ရွေးကောက်ပွဲကြော်ငြာက ရွေ့လျား ဗဟိုထိန်းချုပ်မှု ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှု antifa ကိုတိုက်ခိုက်ထားပြီး သမ္မတ ဒေါ်နယ်ထရမ့် မုန်းတီးတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။ ထရမ့် ရွေးကောက်ပွဲ ကြော်ငြာမှာ အနီရောင် တြိဂံကို ဇောက်ထိုးဆွဲထားတဲ့ ရုပ်ပုံပါဝင်ပါတယ်။
အဲဒီသင်္ကေတက နာဇီအကျဉ်းစခန်းတွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ဝတ်ဆင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ကြော်ငြာတွေက Facebook ရဲ့ Ad Library ထဲမှာ ကြည့်လိုရသေးပြီး ထရမ့်ရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာ၊ ဒုသမ္မတ မိုက်ပန့်စ် စာမျက်နှာနဲ့ ရွေးကောက်ပွဲလှုံ့ဆော်ရေး Team Trump နဲ့ဆက်နွှယ်နေပါတယ်။
This is an emoji.🔻
It's also a symbol widely used by Antifa. It was used in an ad about Antifa.
It is not in the ADL's Hate Symbols Database. pic.twitter.com/V4fK8QWHKD
— Trump War Room – Text TRUMP to 88022 & get the APP (@TrumpWarRoom) June 18, 2020
အခု ထရမ့်ကြော်ငြာက Twitter ပေါ်က Media Matters for America ရဲ့ဝေဖန်မှုတွေကို တုံ့ပြန်လိုက်တာ ဖြစ်တယ်။ လေ့လာစောင့်ကြည့်ရေး Media Matters for America က တြိဂံဇောက်ထိုး သင်္ကေတက emoji ဖြစ်သလို Antifa မှာလည်း ကျယ်ပြန့်စွာအသုံးပြုနေတယ်လို့ ပြောထားပါတယ်။ သင်္ကေတက emoji ဖြစ်ပေမယ့် Antifa ရဲ့အမှတ်တံဆိပ် မဟုတ်ပါဘူး။ Antifa ရဲ့ အသုံးပြုမှုအများဆုံး သင်္ကေတတွေက အောက်စိုက်မြား ၃ ခုနဲ့ အနီနဲ့ အနက်ပေါင်းစပ်ထားတဲ့ အလံပဲ ဖြစ်ပါတယ်။
စိုးထက်
Ref: TechCrunch