နဝမအကြိမ်မြောက် MCPA Day ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်း၍ နဝမအကြိမ်မြောက် MCPA Day ကို မတ် ၄ ရက်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ကျောင်းသူ၊ ကျောင်းသားများအတွက် ဗဟုသုတရပြီး အကျိုးရှိစေနိုင်မယ့် Panel Discussion တွေနဲ့ Workshop များပါဝင်ပြုလုပ်ခဲ့ပါတယ်။ MCPA Day မှာပြုလုပ်တဲ့ Career Fair မှာ Being (Myanmar) Co., Ltd, CNSA Myanmar Co., Ltd, Global Technology Group, KMD, Myanmar DCR Co., Ltd, Myanmar Information Technology Pte Ltd, NTT Data Myanmar Co., Ltd, STI Myanmar University, Talent Nest Co., Ltd, Yangon Japanese Language School စုစုပေါင်း ကုမ္ပဏီ (၁၀) ခုတို့မှ ပါဝင်ပူးပေါင်းခဲ့ပါတယ်။

MCPA DAY ကျင်းပရခြင်းရဲ့ရည်ရွယ်ချက်မှာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းပြီးခါနီး ကျောင်းသား/ ကျောင်းသူတွေရဲ့ ICT လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ ICT Industry ရှိ ကုမ္ပဏီတွေကို ချိတ်ဆက်ပေးရန်ဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ