နယူးယောက်ပြည်နယ် ကျောင်းတွေမှာ facial recognition စနစ် ယာယီပယ်ဖျက်

နယူးယောက်မှာ ကျောင်းအတွင်း facial recognition နည်းပညာ အသုံးပြုမှုကို ယာယီပယ်ဖျက်လိုက်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကူအိုမိုကတော့ ၂၀၂၂ ဇူလိုင်လ အထိ biometric နည်းပညာကို ပယ်ဖျက်ဖို့ ဥပဒေကြမ်းကို လက်မှတ်ထိုးလိုက်ပါတယ်။

ကျောင်းတွေမှာ facial recognition နည်းပညာကို သင့်တင့်စွာအသုံးပြုဖို့ လမ်းညွှန်ပြီး အကြံပြုချက်တွေ ထုတ်ပြန်ထားပါတယ်။ နယူးယောက်ဟာ အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ biometric နည်းပညာအသုံးပြုမှုကို ပယ်ဖျက်တဲ့ ပထမဆုံး အမေရိကန်နိုင်ငံက ပြည်နယ်ဖြစ်လာပါတယ်။ ဥပဒေပြုဆောင်ရွက်သူတွေက လူမျိုးရေးနဲ့ ကျား/မ အခြေခံပြီး ဘက်လိုက်တဲ့ နည်းပညာမရှိအောင် လုပ်ဆောင်ချင်နေပါတယ်။

“Facial recognition နည်းပညာက နယူးယောက်က လူတွေအပေါ် အကျိုးအမြတ်များစွာ ပေးနို်ငပါတယ်။ အသုံးချတဲ့နည်းလမ်းတွေက လေးနက်ပြီး တရားဥပဒေအရ တစ်ကိုယ်ရေအချက်အလက်အပေါ် စိုးရိမ်မှုတွေ ရှိနေပြီး ကျွန်တော်တို့က ကျောင်းတွေမှာ သေချာစစ်ဆေးဖို့ လိုပါတယ်” လို့ ကူအိုမိုက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ အခု ဥပဒေကတော့ ပညာရေးပေါ်လစီရေးဆွဲသူတွေ ခြေတစ်လှမ်း ဆုတ်မယ့် အခြေအနေ ဖြစ်ပါတယ်။ နယူးယောက်ကျောင်းတွေမှာ biometric ခြေရာခံနည်းပညာအမျိုးအစား တစ်ခုခု မထည့်ခင်မှာ တစ်ကိုယ်ရေလုံခြုံရေး ပြဿနာကို ဖြေရှင်းဖို့ လိုပြီး ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ လိုပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««