နယူးဇီလန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များအကြောင်း ပညာရေးဆွေးနွေးပွဲပြုလုပ်မည်

နယူးဇီလန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များသို့ တက်ရောက်လိုသူတွေအတွက် ပညာရေးဆွေးနွေးပွဲကို စက်တင်ဘာ ၁၄ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ AT&S အဆောင်-၅၊ အခန်း-၄ ၊ MICT park၊ လှိုင်မြို့နယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ နယူးဇီလန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များအကြောင်း၊ ဘာသာရပ်များအကြောင်း သာမက ပညာသင်ဆုများ၊ ကျောင်းလခနှင့် ကုန်ကျစရိတ်များအကြောင်းကို တစ်ဦးချင်း အသေးစိတ်ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Christchurch မှာ တည်ရှိတဲ့ University of Canterbury ဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁% မှာ ရပ်တည်နေတဲ့ တက္ကသိုလ်ဖြစ်ပြီး နယူးဇီလန်နိုင်ငံရဲ့ ဒုတိယ သတ်တမ်းရင့် တက္ကသိုလ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်းနဲ့ IGCSE အောင်မြင်ပြီးသူတွေအနေနဲ့ Foundation Studies Certificate မှစတင် တက်ရောက်ရမှာဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံရဲ့ အထင်ကရမြို့ဖြစ်သော Auckland မြို့မှာတည်ရှိတဲ့ Taylors College မှတစ်ဆင့် နယူးဇီလန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် ဖြစ်သော The University of Auckland ၊ AUT University နဲ့ Massey University တွေသို့ လည်းတက်ရောက်နိုင်မှာဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေအနေနဲ့ AT&S (Overseas Education Services) အဆောင်(၅)၊ အခန်း-၄၊ MICTDC လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်။ ဖုန်း-(၀၁-၆၅၂၃၂၀၊ ၀၉-၇၇၇၂၂၃၂၂၅) သို့ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-သန္တာ