နည္းပညာႏွင့္ အင္ဂ်င္နီယာဆိုင္ရာ အလုပ္အကုိင္ျပပြဲႏွင့္ ေဆြးေႏြးပြဲျပဳလုပ္မည္

[ Zawgyi ]

နည္းပညာႏွင့္ အင္ဂ်င္နီယာဆိုင္ရာ အလုပ္အကုိင္ျပပြဲနဲ႔ ေဆြးေႏြးပြဲကုိ ၾသဂုတ္လ ၁၂ ရက္ (တနဂၤေႏြေန႔) နံနက္ ၉ နာရီမွ ညေန ၆ နာရီအထိ ဆီဒုိးနားဟုိတယ္မွာ ျပဳလုပ္မယ္လို႔သိရပါတယ္။

အဆိုပါ နည္းပညာႏွင့္ အင္ဂ်င္နီယာဆိုင္ရာ အလုပ္အကုိင္ျပပြဲနဲ႔ ေဆြးေႏြးပြဲ Technology & Engineering Career Conference မွာ နည္းပညာနဲ႔ အင္ဂ်င္နီယာနယ္ပယ္က ထိပ္တန္းအဆင့္ ကၽြမ္းက်င္သူမ်ားစြာက ေဟာေျပာေဆြးေႏြးမႈေတြ ျပဳလုပ္မွာျဖစ္တယ္လို႔ Jobnet.com.mm ရဲ႕အုပ္ခ်ဳပ္မႈ ဒါ႐ုိက္တာျဖစ္သူ Mr. Matt De Luca က ေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာ နည္းပညာနဲ႔ အင္ဂ်င္နီယာလုပ္ငန္းနယ္ပယ္ေတြဟာ လ်င္လ်င္ျမန္ျမန္ပဲ ဖြံ႕ၿဖိဳးတိုးတက္ေနပါတယ္။ ဒီလို ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ က႑ေတြအတြက္ လိုအပ္ေနတဲ့ အလုပ္အကုိင္အခြင့္အလမ္္းေတြကုိ ျဖည့္ဆည္းေပးႏိုင္မွာ ျဖစ္တဲ့အတြက္ အရမ္းကုိ ဝမ္းေျမာက္ဂုဏ္ယူမိပါတယ္ ’’ လို႔ ၎က ဆက္ေျပာပါတယ္။

ျပပြဲနဲ႔ ေဆြးေႏြးပြဲမွာ ေဆာ့ဖ္ဝဲ၊ ဟာ့ဒ္ဝဲနဲ႔ နက္ဝက္ခ္ကင္း အင္ဂ်င္နီယာမ်ား၊ ပ႐ုိဂရမ္ေရးဆြဲသူမ်ား၊ ဝက္ဘ္ဆိုက္နဲ႔ မိုဘိုင္းအပ္ ေရးသားသူမ်ား၊ ဆိုက္ဘာလုံၿခဳံေရးစတဲ့ နည္းပညာရွင္မ်ားစြာကုိ ရွာေဖြမွာျဖစ္တယ္လို႔ သိရပါတယ္။

-သႏၲာ

[ Unicode ]

နည်းပညာနှင့် အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်ပြပွဲနဲ့ ဆွေးနွေးပွဲကို သြဂုတ်လ ၁၂ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်မယ်လို့သိရပါတယ်။

အဆိုပါ နည်းပညာနှင့် အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်ပြပွဲနဲ့ ဆွေးနွေးပွဲ Technology & Engineering Career Conference မှာ နည်းပညာနဲ့ အင်ဂျင်နီယာနယ်ပယ်က ထိပ်တန်းအဆင့် ကျွမ်းကျင်သူများစွာက ဟောပြောဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ Jobnet.com.mm ရဲ့အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ Mr. Matt De Luca က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နည်းပညာနဲ့ အင်ဂျင်နီယာလုပ်ငန်းနယ်ပယ်တွေဟာ လျင်လျင်မြန်မြန်ပဲ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်နေတဲ့ ကဏ္ဍတွေအတွက် လိုအပ်နေတဲ့ အလုပ်အကိုင်အခွင့်အလမ််းတွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တဲ့အတွက် အရမ်းကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ် ’’ လို့ ၎င်းက ဆက်ပြောပါတယ်။

ပြပွဲနဲ့ ဆွေးနွေးပွဲမှာ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနဲ့ နက်ဝက်ခ်ကင်း အင်ဂျင်နီယာများ၊ ပရိုဂရမ်ရေးဆွဲသူများ၊ ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းအပ် ရေးသားသူများ၊ ဆိုက်ဘာလုံခြုံရေးစတဲ့ နည်းပညာရှင်များစွာကို ရှာဖွေမှာဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ