နည္းပညာျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳျခင္းက အခ်ိန္တိုအတြင္း ထိေရာက္ႏိုင္

[ Zawgyi ]

နည္းပညာအလုပ္နဲ႔ အသက္ေမြးဝမ္းေက်ာင္း ျပဳမယ္ဆိုရင္ အခ်ိန္တုိအတြင္း ထိေရာက္ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံကြန္ပ်ဳတာအသင္းခ်ဳပ္ ဥကၠ႒ ဦးခြန္ဦးရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

“ႏွစ္ေပါင္းအမ်ားႀကီးရင္းၿပီးမွ ေအာင္ျမင္တဲ့အလုပ္မဟုတ္ဘဲ ႀကိဳးစားရင္ တစ္ႏွစ္ႏွစ္ႏွစ္အတြင္း ေအာင္ ျမင္ႏိုင္ပါတယ္၊ အိုင္တီနည္းပညာကို အသံုးျပဳဖို႔တြက္တြန္းရျခင္းျဖစ္ပါတယ္” လို႔ ဦးခြန္ဦးကေျပာပါတယ္။ ျမန္မာႏိုင္ငံ ကြန္ပ်ဳတာအသင္းခ်ဳပ္ (MCF) နဲ႔ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT) တို႔ ပူးေပါင္း က်င္းပတဲ့ အစီအစဥ္ကေန လူငယ္နည္းပညာ စြန္႔ဦးတီထြင္လုပ္ငန္း (၃) ခု ေပၚထြက္ခဲ့ေၾကာင္းသတင္း စာရွင္းလင္းပြဲအခမ္းအနားမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“လူငယ္ေတြရဲ႕ အိုင္ဒီယာနဲ႔ဖန္တီးထားတဲ့ ထုတ္ကုန္တစ္ခုက သူတို႔ရဲ႕ဘဝႀကီး တစ္ခုလံုးကိုေျပာင္းလဲ ႏိုင္ေစပါတယ္” လို႔ ေျပာပါတယ္။ အဲဒီလို အေတြးအေခၚအသစ္ေတြ ေပၚထြက္လာဖို႔ Myanmar Youth Technopreneurship Development Program 2018 လိုမ်ိဳး အခမ္းအနားေတြကို က်င္းပရျခင္းျဖစ္တယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

နည်းပညာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုမယ်ဆိုရင် အချိန်တိုအတွင်း ထိရောက်နိုင်ကြောင်း မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။

“နှစ်ပေါင်းအများကြီးရင်းပြီးမှ အောင်မြင်တဲ့အလုပ်မဟုတ်ဘဲ ကြိုးစားရင် တစ်နှစ်နှစ်နှစ်အတွင်း အောင် မြင်နိုင်ပါတယ်၊ အိုင်တီနည်းပညာကို အသုံးပြုဖို့တွက်တွန်းရခြင်းဖြစ်ပါတယ်” လို့ ဦးခွန်ဦးကပြောပါတယ်။ မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ် (MCF) နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ ပူးပေါင်း ကျင်းပတဲ့ အစီအစဉ်ကနေ လူငယ်နည်းပညာ စွန့်ဦးတီထွင်လုပ်ငန်း (၃) ခု ပေါ်ထွက်ခဲ့ကြောင်းသတင်း စာရှင်းလင်းပွဲအခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“လူငယ်တွေရဲ့ အိုင်ဒီယာနဲ့ဖန်တီးထားတဲ့ ထုတ်ကုန်တစ်ခုက သူတို့ရဲ့ဘဝကြီး တစ်ခုလုံးကိုပြောင်းလဲ နိုင်စေပါတယ်” လို့ ပြောပါတယ်။ အဲဒီလို အတွေးအခေါ်အသစ်တွေ ပေါ်ထွက်လာဖို့ Myanmar Youth Technopreneurship Development Program 2018 လိုမျိုး အခမ်းအနားတွေကို ကျင်းပရခြင်းဖြစ်တယ်လို့ သိရပါတယ်။