နည္းပညာဝန္ေဆာင္မႈ အက်ိဳးတူပူးေပါင္းရန္ ျမန္မာ့စီးပြားေရးဘဏ္ဖိတ္ေခၚ

[ Zawgyi ]

ေငြေၾကးဝန္ေဆာင္မႈေတြကို ေခတ္မီနည္းပညာေတြ အသံုးျပဳေဆာင္ရြက္ဖို႔အတြက္ ျမန္မာ့စီးပြားေရးဘဏ္က ဖိတ္ေခၚလိုက္ပါတယ္။

လံုျခံဳစိတ္ခ်ၿပီး စနစ္က်တဲ့ နည္းပညာကုမၸဏီေတြနဲ႔ အက်ိဳးတူပူးေပါင္းႏိုင္ဖို႔အတြက္ ျမန္မာ့စီးပြားေရးဘဏ္က ဖိတ္ေခၚေၾကာင္း ႏိုင္ငံပိုင္သတင္းစာမွာ ေဖာ္ျပထားခ်က္အရ သိရပါတယ္။

ျမန္မာ့စီပြားေရးဘဏ္အေနနဲ႔ ေငြေၾကးဝန္ေဆာင္မႈေတြကို လတ္တေလာမွာ Myanmar Mobile Money (MMM) နဲ႔ အက်ိဳးတူ ပူးေပါင္းထားေၾကာင္း၊ Point of Sale (POS) စက္ေတြနဲ႔ ေငြလက္ခံျခင္း၊ ေငြထုတ္ေပးျခင္း၊ တယ္လီဖုန္း Bill ျဖည့္ေပးျခင္း၊ Bank to Business Transfer (B2B)၊ အၿငိမ္းစားလ စာထုတ္ေပးျခင္းစတဲ့ လုပ္ငန္းစဥ္ေတြကို ခ႐ိုင္၊ ၿမိဳ႕နယ္ဘဏၤခြဲေပါင္း ၂၈၁ ဘဏ္မွာ Cash Point အျဖစ္ MPT, MecTel, Mytel အသံုးျပဳသူေတြအတြက္ ဝန္ေဆာင္မႈေတြကို ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ေနာက္ထပ္အေနနဲ႔ မည္သည့္ Simcard အသံုးျပဳသူမဆို ေခတ္မီနည္းပညာေတြ အသံုးျပဳၿပီးေတာ့ မိုဘိုင္းဝန္ေဆာင္မႈေတြကို ေပးဖို႔အတြက္ ရည္ရြယ္ကာ Wave Money, OK$ တို႔နဲ႔လည္း အက်ိဳးတူပူးေပါင္း ေဆာင္ရြက္ဖို႔အတြက္ စီစဥ္ေနေၾကာင္း သိရပါတယ္။ အက်ိဳးတူပူး ေပါင္းေဆာင္ရြက္လိုတဲ့ နည္းပညာကုမၸဏီေတြအေနနဲ႔ ျမန္မာ့စီးပြားေရးဘဏ္ကို ဆက္သြယ္ႏိုင္မွာျဖစ္ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ငွေကြေးဝန်ဆောင်မှုတွေကို ခေတ်မီနည်းပညာတွေ အသုံးပြုဆောင်ရွက်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်က ဖိတ်ခေါ်လိုက်ပါတယ်။

လုံခြုံစိတ်ချပြီး စနစ်ကျတဲ့ နည်းပညာကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းနိုင်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်က ဖိတ်ခေါ်ကြောင်း နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

မြန်မာ့စီပွားရေးဘဏ်အနေနဲ့ ငွေကြေးဝန်ဆောင်မှုတွေကို လတ်တလောမှာ Myanmar Mobile Money (MMM) နဲ့ အကျိုးတူ ပူးပေါင်းထားကြောင်း၊ Point of Sale (POS) စက်တွေနဲ့ ငွေလက်ခံခြင်း၊ ငွေထုတ်ပေးခြင်း၊ တယ်လီဖုန်း Bill ဖြည့်ပေးခြင်း၊ Bank to Business Transfer (B2B)၊ အငြိမ်းစားလ စာထုတ်ပေးခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို ခရိုင်၊ မြို့နယ်ဘင်္ဏခွဲပေါင်း ၂၈၁ ဘဏ်မှာ Cash Point အဖြစ် MPT, MecTel, Mytel အသုံးပြုသူတွေအတွက် ဝန်ဆောင်မှုတွေကို ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

နောက်ထပ်အနေနဲ့ မည်သည့် Simcard အသုံးပြုသူမဆို ခေတ်မီနည်းပညာတွေ အသုံးပြုပြီးတော့ မိုဘိုင်းဝန်ဆောင်မှုတွေကို ပေးဖို့အတွက် ရည်ရွယ်ကာ Wave Money, OK$ တို့နဲ့လည်း အကျိုးတူပူးပေါင်း ဆောင်ရွက်ဖို့အတွက် စီစဉ်နေကြောင်း သိရပါတယ်။ အကျိုးတူပူး ပေါင်းဆောင်ရွက်လိုတဲ့ နည်းပညာကုမ္ပဏီတွေအနေနဲ့ မြန်မာ့စီးပွားရေးဘဏ်ကို ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

-အောင်သက်ကို