နည္းပညာတကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား MPT ႐ံုးမ်ားတြင္ လုပ္ငန္းခြင္ သင္တန္းသားမ်ားအျဖစ္ လက္ခံ

[ Zawgyi ]

ႏိုင္ငံတစ္ဝန္းမွာရွိတဲ့ နည္းပညာတကၠသိုလ္ေတြရဲ႕ ေနာက္ဆံုးႏွစ္ ေက်ာင္းသား၊ ေက်ာင္းသူ ၈၀၀ ေက်ာ္ကို MPT ႐ံုးေတြမွာ လုပ္ငန္းခြင္ သင္တန္းသားမ်ားအျဖစ္ လက္ခံခဲ့ေၾကာင္း သိရပါတယ္။

ဆက္သြယ္ေရး လုပ္ငန္းေတြမွာ ႏွစ္လတာလုပ္ငန္းခြင္ ေလ့လာေရးနဲ႔ သင္ၾကားေရး အစီအစဥ္ေတြကို လုပ္ေဆာင္ရမွာျဖစ္ကာ မ်ိဳးဆက္သစ္ အင္ဂ်င္နီယာေတြအတြက္ လုပ္ငန္းခြင္ကၽြမ္းက်င္မႈ တိုးတက္ေစဖို႔အတြက္ ေလ့လာေစျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ တယ္လီကြန္း ဆက္သြယ္ေရးလုပ္ငန္းေတြရဲ႕ နည္းပညာနဲ႔စီမံခန္႔ခြဲမႈ အေၾကာင္းအရာေတြ၊ 3G, 4G LTE+ ကြန္ရက္ရဲ႕ ဆက္သြယ္မႈအေၾကာင္းေတြ၊ လုပ္ငန္းခြင္တြင္း ဆက္ဆံေရးနဲ႔ ပတ္သက္တဲ့ သင္တန္း ၊ အင္တာနက္ ပ႐ိုတိုေကာလ္၊ ကြန္ရက္ထုတ္လႊတ္မႈ နည္းပညာ၊ ကြန္ရက္ထိန္းသိမ္းမႈစတဲ့ ေခါင္းစဥ္ေတြကို ေလ့လာခြင့္ရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

“ပညာေရးဖြံ႔ၿဖိဳး တိုးတက္လာေစဖို႔အတြက္ ျပည္နယ္နဲ႔တိုင္း ၁၅ ခုမွာရွိတဲ့ နည္းပညာတကၠ သိုလ္ေက်ာင္းသား၊ ေက်ာင္းသူေတြကို 3G, 4G LTE+ ကြန္ရက္ေတြအေၾကာင္းကို ေလ့လာႏိုင္ဖို႔အခြင့္ အေရးေတြေပးမွာပါ” လို႔ MPT-KSGM Joint Operations ရဲ႕ လုပ္ငန္းလည္ပတ္မႈဌာနမွ ဒုတိယအရာရွိ ခ်ဳပ္ျဖစ္သူ ဦးႏိုင္ကိုကိုက ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။ ေက်ာင္းသူ၊ ေက်ာင္းသားေတြ အေနနဲ႔ ရန္ကုန္၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ဗိုလ္ေအာင္ေက်ာ္ လမး္က MPT ႐ံုးခ်ဳပ္မွာ လုပ္ငန္းခြင္ေလ့လာေရးနဲ႔ သင္းၾကားေရး အစီအစဥ္ေတြကို ျပဳလုပ္ရမွာျဖစ္ကာ ေက်ာင္းသား၊ ေက်ာင္းသူအခ်ဳိ႕ကေတာ့ တိုင္းနဲ႔ျပည္နယ္ အသီးသီးက MPT ႐ံုးေတြမွာ လုပ္ငန္းခြင္သင္တန္း ဝင္ရမွာျဖစ္ေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

==========

[ Unicode ]

နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား MPT ရုံးများတွင် လုပ်ငန်းခွင် သင်တန်းသားများအဖြစ် လက်ခံ

==========

နိုင်ငံတစ်ဝန်းမှာရှိတဲ့ နည်းပညာတက္ကသိုလ်တွေရဲ့ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ ၈၀၀ ကျော်ကို MPT ရုံးတွေမှာ လုပ်ငန်းခွင် သင်တန်းသားများအဖြစ် လက်ခံခဲ့ကြောင်း သိရပါတယ်။

ဆက်သွယ်ရေး လုပ်ငန်းတွေမှာ နှစ်လတာလုပ်ငန်းခွင် လေ့လာရေးနဲ့ သင်ကြားရေး အစီအစဉ်တွေကို လုပ်ဆောင်ရမှာဖြစ်ကာ မျိုးဆက်သစ် အင်ဂျင်နီယာတွေအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု တိုးတက်စေဖို့အတွက် လေ့လာစေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့ နည်းပညာနဲ့စီမံခန့်ခွဲမှု အကြောင်းအရာတွေ၊ 3G, 4G LTE+ ကွန်ရက်ရဲ့ ဆက်သွယ်မှုအကြောင်းတွေ၊ လုပ်ငန်းခွင်တွင်း ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သင်တန်း ၊ အင်တာနက် ပရိုတိုကောလ်၊ ကွန်ရက်ထုတ်လွှတ်မှု နည်းပညာ၊ ကွန်ရက်ထိန်းသိမ်းမှုစတဲ့ ခေါင်းစဉ်တွေကို လေ့လာခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ပညာရေးဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် ပြည်နယ်နဲ့တိုင်း ၁၅ ခုမှာရှိတဲ့ နည်းပညာတက္က သိုလ်ကျောင်းသား၊ ကျောင်းသူတွေကို 3G, 4G LTE+ ကွန်ရက်တွေအကြောင်းကို လေ့လာနိုင်ဖို့အခွင့် အရေးတွေပေးမှာပါ” လို့ MPT-KSGM Joint Operations ရဲ့ လုပ်ငန်းလည်ပတ်မှုဌာနမှ ဒုတိယအရာရှိ ချုပ်ဖြစ်သူ ဦးနိုင်ကိုကိုက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော် လမး်က MPT ရုံးချုပ်မှာ လုပ်ငန်းခွင်လေ့လာရေးနဲ့ သင်းကြားရေး အစီအစဉ်တွေကို ပြုလုပ်ရမှာဖြစ်ကာ ကျောင်းသား၊ ကျောင်းသူအချို့ကတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက MPT ရုံးတွေမှာ လုပ်ငန်းခွင်သင်တန်း ဝင်ရမှာဖြစ်ကြောင်း သိရပါတယ်။

-အောင်သက်ကို