ဓာတ်အားခကျသင့်ငွေကို မေလလယ်အထိ နောက်ဆုံးထားပေးဆောင်နိုင်မည်

မီတာခပေးဆောင်သူများ အခက်အခဲ မဖြစ်ပေါ်စေရန် မေလလယ်အထိ နောက်ဆုံးထားပေးဆောင်နိုင်တယ်လို့ YESC က ထုတ်ပြန်ထားပါတယ်။

မတ်လအတွက် မီတာခပေးဆောင်ခြင်းကို Covid 19 ကာလအတွင်းမှာ လူစုလူဝေးမဖြစ်စေဖို့ ရွှေ့ဆိုင်းလိုက် တယ်လို့ သိရပါတယ်။ ဧပြီလ ၂၀၊ ၂၂၊ ၂၄၊ ၂၆၊ ၂၈ ရက် နောက်ဆုံးသတ်မှတ်ထားခြင်းအစား မေလ ၂၀ ရက် နောက်ဆုံးထား၍ ပေးဆောင်ရန် ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဘဏ်များ အွန်လိုင်းဝန်ဆောင်မှုတွေနဲ့လည်း ဓာတ်အားခကျသင့်ငွေကို ပေးဆောင်နိုင်မှာဖြစ်ပါတယ်။ CB , AGD, UAB, MAB, KBZ, MOB ဘဏ် အပြင် OK$, Wavemoney, KBZ Pay တို့နဲ့ မီတာဘီလ်ဆောင်ခြင်းကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ မီးသုံးသူပြည်သူတွေအနေနဲ့ မေလ ၂၀ ရက်မတိုင်မီ ကြားကာလတွေမှာ သက်ဆိုင်ရာမြို့နယ်တွေရဲ့ ငွေကောက်ခံကောင်တာတွေမှာ သွားရောက် ပေးဆောင်နိုင်သလို ရက်လွန်ကြေး ကင်းလွတ်ခွင့်ပြုမှာ ဖြစ်ကြောင်းနဲ့ မီးဖြတ်တောက်မှု မပြုကြောင်း၊ နေ့စဉ် ငွေကောက်ကောင်တာများအား ဖွင့်လှစ်ထားရှိမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

-ဝေဝေ