ဓာတ်အားခကို ရွေ့လျားယာဉ်ဖြင့် အိမ်တိုင်ရာရောက် ကောက်ခံပေးလျက်ရှိသလို Online Payment များဖြင့်လည်း ပေးဆောင်နိုင်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ Covid 19 ကာကွယ်ရေးအနေဖြင့် ဓာတ်အားခကို ရွေ့လျားယာဉ်ဖြင့် အိမ်တိုင်ရာရောက် ကောက်ခံပေးလျက်ရှိသလို Online Payment များဖြင့်လည်း ပေးဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သော လျှပ်စစ်ဓာတ်အား သုံးစွဲသူမိဘပြည်သူများထံသို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်နှင့်ရပ်ကွက်များအတွင်း ရွေ့လျားဓာတ်အားခကောက်ခံယာဉ်ဖြင့် အိမ်တိုင်ရာရောက် လျှပ်စစ် ဓာတ်အားခ ကောက်ခံခြင်းကို ဧပြီ ၂၄ ရက်ကစပြီး ဝန်ဆောင်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေပေးဆောင်ရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ဘဏ်များ၊ အွန်လိုင်းဝန် ဆောင်မှုလုပ်ငန်းများနဲ့ ချိတ်ဆက်ပြီး Mobile Banking, Online Payment များနဲ့လည်း ပေးဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

-ဝေဝေ

နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်းတွင်းက အိုင်တီ၊ မိုဘိုင်း စတဲ့ နည်းပညာနဲ့ပတ်သက်တဲ့ သတင်းတွေနဲ့ ပညာရေးသတင်းတွေကို ဖတ်ချင်ရင်တော့ https://www.facebook.com/InternetJournal လေးကို နှိပ်ပြီး like လုပ်ထားဖို့တော့ လိုမယ်နော်…