
iOS ပေါ်က iPhone app store နဲ့ Android ပေါ်က Google Play store တို့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို စိတ်လှုပ်ရှားအောင် ပြင်ဆင်နိုင်တဲ့ app တွေရှိပါတယ်။ ညနေခင်းတစ်ခုမှာ လက်ဖက်ရည်တစ်ခွက်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြင်ဆင်လို့ရမယ့် app တွေကို ဖော်ပြလိုက်ပါတယ်။
Google ကပိုင်ဆိုင်တဲ့ Snapseed မှာ exposure နဲ့ color tool တွေများစွာ ပါဝင်တဲ့အတွက် ဓာတ်ပုံတွေကို စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒါ့အပြင် filter များစွာလည်း ပါဝင်ပြီး vintage စတိုင်လ်တွေကနေ ခေတ်သစ်ပုံစံတွေအထိ ပါဝင်လာပါတယ်။
Lightroom
iOS နဲ့ Android (တစ်လ ၄.၉၉နဲ့ ဝယ်ယူနိုင်)
Adobe Lightroom ဟာ ပရော်ဖက်ရှင်နယ် ဓာတ်ပုံသမားတွေအတွက် လုပ်ငန်းသုံးစံချိန်ဖြစ်သလို မိုဘိုင်းကလည်း အလားတူ စံချိန်စံညွှန်းမီပါတယ်။ Adobe Lightroom မှာ စတစ်ကာ မရှိသလို animation ဒါမှမဟုတ် emoji လည်းမပါဘူး။ ဒါပေမဲ့ ဓာတ်ပုံထဲက အစက်အပြောက်ကို ပြင်ဆင်ပြီး desktop ပေါ်က Lightroom အတွင်းက tool တွေလည်း ပါဝင်လာပါတယ်။
Adobe Photoshop Express
iOS နဲ့ Android
Photoshop Express မှာပါဝင်တဲ့ feature တွေက Lightroom နဲ့ဆင်ပါတယ်။ Photoshop Express မှာ exposure, contrast နဲ့ color တည်းဖြတ်မှုတွေလည်း ပါဝင်လာပါတယ်။ ဒါပေမဲ့ ပရို tool တစ်ချို့နဲ့ cloud syncing ကတော့ မပါဝင်သလို လစဉ်ကြေးလည်း သွင်းစရာ မလိုပါဘူး။
Prisma
iOS နဲ့ Android (တစ်လ ၇.၉၉ ဒေါ်လာ ဒါမှမဟုတ် တစ်နှစ် ဒေါ်လာ ၃၀ ကျသင့်)
Prisma မှာ ချောမွေ့တဲ့ filter တွေနဲ့ အခြေခံ ဓာတ်ပုံပြင်ဆင်မှုတွေ မပါဝင်ပါဘူး။ Prisma ရဲ့ filter တွေက အနုပညာဆိုင်ရာ ဖန်တီးမှုတွေအပေါ် စိတ်ကူးဉာဏ်ကွန့်မြူးထားတာပါ။ ပန်းချီကျော် ဆယ်ဗဒိုဒါလီနဲ့ ပီကာဆို လက်ရာတွေအတိုင်း filter နဲ့ effect တွေဖန်တီးထားပါတယ်။
Bazaart
iOS (တစ်လ ၇.၉၉ ဒေါ်လာ ဒါမှမဟုတ် တစ်နှစ် ၄၈ ဒေါ်လာ
Bazaar ရဲ့ montage နဲ့ collage tool တွေကို အသုံးပြုပြီး မတူညီတဲ့ အရာဝတ္ထုတွေကို ဓာတ်ပုံတစ်ခုထဲ ပေါင်းစပ်နိုင်ပါတယ်။ ဆိုလိုတာက ဓာတ်ပုံများစွာက ပုံရိပ်၊ စာသားတွေကို ပေါင်းစပ်ပြီး အလွှာတွေနဲ့ ပေါင်းစပ်ပြီး အနုပညာလက်ရာအဖြစ် ဖန်တီးလို့ရပါတယ်။
Photofox
iOS
Bazaart လိုမျိုးပဲ Photofox ကလည်း နောက်ခံတစ်မျိုးမှာ အရာဝတ္ထုအမျိုးမျိုး ပေါင်းစပ်ဖွဲ့စည်းဖို့ နောက်ကွယ်ကနေ အရာဝတ္ထုတွေကို ဖယ်ရှားတာ ဒါမှမဟုတ် effect သုံးတာ လုပ်နိုင်ပါတယ်။ Photofox ရဲ့ dispersion effect ဆိုတာက အရာဝတ္ထုတစ်ခုကို အမှုန်အဖြစ် အသွင်ပြောင်းနိုင်တဲ့ အလန်းစား effect တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံ ၂ ပုံ ထပ်ပြီး exposur ၂ ထပ်လုပ်တာ glitch effect တွေကလည်း ပရိသတ်တွေ စိတ်ဝင်စားစေမယ့် လုပ်ဆောင်ချက်တွေပါ။
VSCO
iOS နဲ့ Android (တစ်ပတ် အခမဲ့ အသုံးပြုပြီး တစ်နှစ် ၁၉.၉၉ ဒေါ်လာ ကျသင့်)
VSCO ဟာ လက်ရာမြောက် ရုပ်ရှင်အလင်းအမှောင်ပုံစံ filter တွေပါဝင်လာပါတယ်။ App ထဲမှာ preset များစွာပါဝင်ပြီး Fujifilm, Kodak နဲ့ liford က နာမည်ကျော် ဖလင်ပုံစံမျိုး ဓာတ်ပုံကို ပြင်ဆင်ပေးနိုင်ပါတယ်။
PicsArt ကတော့ တည်းဖြတ်မှု tool တွေများစွာ ပါဝင်လာပြီး exposure နဲ့ contrast လိုမျိုး အခြေခံချိန်ညှိမှုတွေလည်း ပါဝင်လာပါတယ်။ PicsArt မှာ ရုပ်ရှင်ဆန်ဆန် အရောင်ချိန်ညှိမှုနဲ့ အပြောင်းအလဲကြီးမားတဲ့ filter တွေသုံးပြီး ဓာတ်ပုံကို အနုပညာလက်ရာအဖြစ် ပြောင်းလဲနိုင်ပါတယ်။
စိုးထက်
Ref: CNE