ဓာတ်ပုံအတုတွေကို စစ်ဆေးပေးနိုင်တဲ့ tool တစ်ခုကို Google ဖြန့်ချိ

Google ကထွက်ပေါ်လာတဲ့ နည်းပညာအဖွဲ့ Jigsaw အနေနဲ့ ဂျာနယ်လစ်တွေနဲ့ အချက်အလက် စစ်ဆေးသူတွေအတွက် ဓာတ်ပုံတွေ အတည်ပြုနိုငမယ့် Assembler အမည်ရ စမ်းသပ် platform တစ်ခုကို ဖြန့်ချိလိုက်ပါတယ်။

Assembler ဟာ ဓာတ်ပုံအတွင်းက ရုပ်ပုံပိုင်းဆိုင်ရာ မျက်နှာပြင် အနေအထားကို ရယူထားပြီး ဖုံးကွယ်ထားတဲ့ အရာကို ရှာဖွေဖို့ ရုပ်ပုံရဲ့ brightness နဲ့ pixel တွေကူးယူကာ ခွဲခြမ်းစိတ်ပြာပေးပါတယ်။ ဒါ့အပြင် မျက်နှာရုပ်ပုံကို ပုံတူထုတ်လုပ်နိုင်တဲ့ StyleGAN အသုံးပြုပြီး ဖန်တီးထားတဲ့ deepfake ကိုလည်း ရှာဖွေနိုင်ပါတယ်။ အခုနည်းစနစ်တွေက ဓာတ်ပုံအတုတွေကို သုံးစွဲသူကို အသိပေးပြီး Assembler ကို ပိုမိုအဆင့်မြင့်တဲ့မော်ဒယ်အဖြစ် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Assembler ဟာ အမြင်ကို လှည့်စားတဲ့အရာတွေကို တိုက်ခိုက်ဖို့ အကောင်းဆုံးခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Assembler က ဗီဒီယို အပါအဝင် အခြားလှည့်စားမှုတွေကို မဖြေရှင်းပေးနိုင်ပါဘူး။ ဓာတ်ပုံအတုတွေကို အခြားလမ်းကြောင်းပေါ်က သီးခြား platform နဲ့ဖြန့်ချိမှု ဆက်လက်ရှိနေပါတယ်။ Facebook နဲ့ Google လိုမျိုးနည်းပညာကုမ္ပဏီတွေ အနေနဲ့ platform အတွင်း အခုလို ဓာတ်ပုံတု ဖော်ထုတ်ရေး feature တွေကို ထည့်သွင်းသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

စိုးထက်
Ref: MITTechnologyReview