ဓာတ်ပုံဝေမျှနိုင်မယ့် Image Gallery ကို Reddit ထည့်သွင်း

Reddit ပေါ်မှာ post တစ်ခုတင်တဲ့အခါ ဓာတ်ပုံတစ်ပုံထက် ပိုတင်မယ်ဆိုရင် Imgur လိုမျိုး ဓာတ်ပုံဝက်ဘ်ဆိုက်က လင့်ခ်တွေ ချလေ့ရှိပါတယ်။ အခုအခါမှာတော့ Reddit ကတော့ Image Gallery လို့ခေါ်တဲ့ လုပ်ဆောင်ချက်သစ်ကို ထည့်လိုက်ပါတယ်။

ဒါကြောင့် Reddit မိုဘိုင်း သုံးစွဲသူတွေလည်း post တစ်ခုထဲမှာ ဓာတ်ပုံတွေ၊ GIF များစွာ ထည့်နိုင်ပါပြီ။အရင်တုန်းက Desktop ကွန်ပျူတာကနေ Reddit အသုံးပြုသူတွေ ဓာတ်ပုံများစွာ ထည့်သွင်းနိုင်တဲ့ နည်းလမ်းတစ်ရပ် ရှိပါတယ်။ Fancy Pants Editor သုံးစွဲသူတွေက ဓာတ်ပုံများစွာကို ရွေးချယ်ပြီး post ထဲထည့်တာ ဒါမှမဟုတ် ထည့်သွင်းမယ့် ဓာတ်ပုံတွေကို စိတ်ဝင်စားစေဖို့ ဓာတ်ပုံ icon ကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်။

Reddit ရဲ့ ဓာတ်ပုံ gallery သစ်ကတော့ post တစ်ခုမှာ ဓာတ်ပုံနဲ့ GIF အခု ၂၀ ထည့်သွင်းနိုင်ပါတယ်။ မကြာခင်မှာလည်း ဗီဒီယိုများစွာ ထည့်သွင်းနိုင်အောင် ထောက်ပံ့ပေးမယ်လို့ Reddit က ပြောထားပါတယ်။ ဘယ်လို community မှာမဆို Image Gallery လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပေမယ့် ထိန်းကျောင်းသူတွေက သုံးခွင့် ပေး၊ မပေး ဆုံးဖြတ်နိုင်ပါတယ်။

အခုလုပ်ဆောင်ချက်ကို desktop နဲ့ iOS ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ပြီး လာမယ့်အပတ်ကျမှပဲ Android အတွက် ထောက်ပံ့ပါမယ်။ Reddit ကလည်း post တစ်ခုတည်းမှာ ဖိုင်အမျိုးမျိုး (GIFs, image နဲ့ ဗီဒီယိုများ) ဝေမျှခွင့်ပြုဖို့ စီစဉ်နေပါတယ်။

စိုးထက်
Ref: TheVerge