ဒ႐ုန္းမ်ားအသံုးျပဳျခင္းအေပၚ ေလ့လာဆန္းစစ္ၾကည့္ျခင္း

[ Zawgyi ]

ဒ႐ုန္း (Drone) ဆိုတဲ့ နာမည္နဲ႔ ပတ္သက္လို႔ေတာ့ အားလံုးနားရည္ဝၿပီး ျဖစ္ေနၾကမွာပါ။ ေစ်းကြက္အတြင္းမွာလည္း ေစ်းႏႈန္းအမ်ိဳးအစားစံုတဲ့ စနစ္မ်ားစြာကိုလည္း ေတြ႕ရွိေနၾကမွာလည္း ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ျပည္တြင္းမွာ အမ်ားစု သိထားၾကတဲ့ ဒ႐ုန္းကိုအသံုးျပဳျခင္းဆိုတဲ့ အဓိပၸာယ္က ပ်ံသန္းထိန္းခ်ဳပ္ရမႈကို သေဘာက်ျခင္းနဲ႔ ႐ႈခင္းအလွဓာတ္ပံု၊ ဗီဒီယိုပံုေတြ ႐ိုက္ကူးႏိုင္ျခင္းလို႔သာ ထင္ေနၾကတာကိုလည္း ေတြ႕ရွိရျပန္ပါတယ္။ တကယ္ေတာ့ ဒ႐ုန္းေတြကို အသံုးျပဳႏုိင္ျခင္းဟာ ကန္႔သတ္ခ်က္ မရွိေလာက္ေအာင္ပါပဲ။ စစ္ဘက္ဆုိင္ရာ အတြက္သာမက အဆင့္ျမႇင့္ စက္ကိရိယာေတြနဲ႔ ေပါင္းစပ္ၿပီး ႀကီးမားတဲ့စီးပြားေရးလုပ္ငန္းေတြမွာ အသံုးခ်ႏုိင္သလို ၎တို႔ရဲ႕ စြမ္းေဆာင္ႏုိင္စြမ္းကလည္း အံမခန္းျဖစ္ေနဆဲပါ။

အသံုးျပဳသူမ်ားျပားလာတဲ့အတြက္ေၾကာင့္ ဒ႐ုန္းနဲ႔ပတ္သက္တဲ့ နည္းပညာေတြဟာလည္း လက္ရွိကာလအခ်ိန္အတြင္းမွာ ပိုမိုတိုးတက္လာေနဆဲ ျဖစ္တာကိုလည္း ေလ့လာေတြ႔ရွိရပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ယခင္တုန္းက အသံုးျပဳေနတဲ့ ဒ႐ုန္းစနစ္ေတြဟာ အရြယ္အစား ေသးငယ္သလို ၎တို႔ပ်ံသန္းဖို႔အတြက္ စြမ္းအားေပးတဲ့ စနစ္ေတြဟာလည္း ၾကာျမင့္စြာေထာက္ပံ့ေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။ ယေန႔ေခတ္မွာေတာ့ အဆင့္ျမင့္စြာ တိုးတက္တီထြင္လာႏုိင္ခဲ့တာေၾကာင့္ ဒ႐ုန္းစနစ္ေတြဟာ အရြယ္အစားလည္း ပိုမိုႀကီးမားလာသလို သယ္ေဆာင္ႏုိင္မႈ၀န္လည္း မ်ားျပားလာၿပီျဖစ္တဲ့အျပင္ ပ်ံသန္းခ်ိန္ကိုလည္းတိုး ျမင့္ႏုိင္ခဲ့ပါၿပီ။ တိုးတက္လာတဲ့ နည္းပညာေတြေၾကာင့္ ဒ႐ုန္းစနစ္ေတြမွာ အာ႐ံုခံစနစ္မ်ားစြာကို တပ္ဆင္လာႏုိင္ခဲ့တာေၾကာင့္ ဒ႐ုန္းေတြရဲ႕ စြမ္းေဆာင္ႏုိင္စြမ္းဟာ ပိုမိုျမင့္မားလာခဲ့ၿပီလည္း ျဖစ္ပါတယ္။

ဒ႐ုန္းစနစ္ေတြနဲ႔ ပတ္သက္လို႔ သံုးေနတဲ့ အေၾကာင္းအရာမ်ားစြာ ရွိေပမယ့္လည္း လက္ရွိအခ်ိန္အားျဖင့္ သာမကအနာဂတ္မွာပါ ၎တို႔ရဲ႕ အံမခန္းစြမ္းေဆာင္ႏုိင္တဲ့ အသံုးခ်မႈနယ္ပယ္ အခ်ိဳ႕ကို ေရးသားေဖာ္ျပလုိက္ရပါတယ္။

ေလေၾကာင္းဓာတ္ပံု႐ိုက္ျခင္းအတြက္ အသံုးျပဳႏိုင္ျခင္း

လူအမ်ားစုအေနနဲ႔ အဆင့္ျမင့္ကင္မရာေတြ တပ္ဆင္ထားတဲ့ ဒ႐ုန္းစနစ္ေတြကို အသံုးျပဳၿပီးဝင္ေရာက္ဖို႔ တားျမစ္ထားတဲ့ ေနရာေတြအေပၚ ေလေၾကာင္းကေန ဓာတ္ပံု႐ိုက္ယူႏိုင္ေနၾကပါၿပီ။ ယခင္တုန္းကထုိသို႔ေသာ ေဆာင္ရြက္ခ်က္နဲ႔ပတ္သက္လုိ႔ အေရးႀကီးတဲ့ ဓာတ္ပံုေတြကို လိုခ်င္တဲ့အခ်ိန္မွာ ရဟတ္ယာဥ္ေတြကို ငွားရမ္းအသံုးျပဳၿပီးေတာ့သာ ေဆာင္ရြက္ႏုိင္တာလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ ယေန႔အခ်ိန္မွာေတာ့ ဒါဟာအလြန္႔ကို ႐ိုးစင္းလြန္းလွတဲ့ လုပ္ေဆာင္ခ်က္တစ္ခုပါ။ ဒ႐ုန္းေတြအေနနဲ႔ ၎တို႔ရဲ႕ ေသးငယ္တဲ့အရြယ္အစားေၾကာင့္ တားျမစ္ထားတဲ့ ေနရာကို အလြယ္တကူ ဝင္ေရာက္ႏုိင္မွာျဖစ္သလို ၎တို႔အေနနဲ႔ မ်က္ႏွာခ်င္းဆိုင္ အင္တာဗ်ဴးလုပ္ခ်င္းအတြက္လည္း ဗီဒီယို႐ိုက္ကူးထားဖို႔ အသံုးျပဳႏုိင္မွာလည္း ျဖစ္ပါတယ္။

ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားအတြက္ အသံုးခ်ျခင္း

ယေန႔အခ်ိန္အခါမွာေတာ့ ဒ႐ုန္းအမ်ားစုမွာ အပူအာ႐ံုခံစနစ္ေတြကို တပ္ဆင္အသံုးျပဳေနၿပီ ျဖစ္တဲ့အတြက္ ၎စနစ္မ်ားအေနျဖင့္ ေပ်ာက္ဆံုးေနသူမ်ား၏ တည္ေနရာကို အတိအက် ေဖာ္ျပေပးႏုိင္ခဲ့ၿပီလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အေမွာင္ထုအတြင္းနဲ႔ လူသားတို႔ဝင္ေရာက္ရန္ ကန္႔သတ္ခ်က္ရွိေနတဲ့ အေျခအေနမ်ိဳးေတြမွာလည္း တာဝန္ထမ္းေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ ယခင္ကရွာေဖြေရးႏွင့္ ကယ္ဆယ္ေရး လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္လုိ႔ နည္းပညာ အခက္အခဲေတြေၾကာင့္ အခ်ိန္ကာလအေတာ္ၾကာသည္အထိ ထိေရာက္စြာ ေဆာင္ရြက္ႏုိင္ခဲ့ျခင္း မရွိခဲ့ၾကပါဘူး။

အခုေတာ့ အဆိုပါေဆာင္ရြက္ခ်က္ေတြကို မိနစ္ပိုင္းအတြင္း လုပ္ေဆာင္ႏုိင္ပါၿပီ။ ဒ႐ုန္းေတြအေနနဲ႔ ရွာေဖြျခင္းနဲ႔ ကယ္ဆယ္ျခင္းသာမက လူသားေတြ ေရာက္ရွိဖို႔ မလြယ္ကူတဲ့ ေနရာေတြကို ပ်ံသန္း၀င္ေရာက္ၿပီး ေထာက္ပံ့ေပး ပစၥည္း လိုအပ္ခ်က္ေတြကိုလည္း ျဖည့္ဆည္းေပးႏုိင္မွာျဖစ္ပါတယ္။

စိုက္ပ်ိဳးေရးတြင္အသံုးခ်ျခင္း

ဒ႐ုန္းနည္းပညာေၾကာင့္ ေအာင္ျမင္မႈ အမ်ားစုရရွိတဲ့ နယ္ပယ္ကေတာ့ စိုက္ပ်ိဳးေရးနယ္ပယ္ပါပဲ။ စိုက္ပ်ိဳးေရးဆိုင္ရာ အေၾကာင္းအမ်ိဳးမ်ိဳးေတြအတြက္ ၎တို႔အေနနဲ႔ လယ္သမားေတြကို ေကာင္းစြာ အေထာက္အပံ့ျပဳ ေပးႏုိင္ေနၿပီလည္း ျဖစ္ပါတယ္။

ဒ႐ုန္းေတြကို အပင္ေတြ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ေစာင့္ၾကည့္ဖို႔ အသံုးခ်ႏိုင္သလို၊ ဧကမ်ားစြာက်ယ္၀န္းတဲ့ စိုက္ပ်ိဳးေရးေျမ ေနရာမွာ ေရေပးေ၀မႈစနစ္ေတြ ထိေရာက္မွန္ကန္မႈ ရွိရဲ႕လားဆိုတာကိုလည္း အခ်ိန္ကုန္၊ လူမပင္ပန္းဘဲ ၾကည့္႐ႈစစ္ေဆးႏုိင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေျမၾသဇာျဖန္းျခင္းနဲ႔ ပိုးသတ္ေဆးျဖန္းျခင္းေတြမွာလည္း အခ်ိန္ကုန္ လူမပင္ပန္းဘဲ ေဆာင္ရြက္ႏုိင္ျခင္းဟာ တကယ့္ကို အက်ိဳးအျမတ္ရရွိေစတဲ့ အခ်က္ပါပဲ။

ကုန္စည္ပို႔ေဆာင္ျခင္း

အဆင့္ျမင့္ ဒ႐ုန္းစနစ္ေတြဟာ အေတာ္အသင့္ေလးလံတဲ့ ကုန္ပစၥည္းေတြကို သယ္ေဆာင္ႏိုင္စြမ္းရွိပါတယ္။ ဒါေၾကာင့္ ယေန႔အခ်ိန္အခါမွာေတာ့ သူတို႔ကို ကုန္စည္ပို႔ေဆာင္ျခင္းအတြက္ ေကာင္းစြာ အသံုးခ်ေနၾကပါၿပီ။ ထိုအခ်က္ဟာ ကုန္ပစၥည္းမွာယူ သူေတြအတြက္ ၎တို႔ေတာင္း ဆိုမႈျပဳတဲ့ ထုတ္ကုန္အေပၚ အိမ္ေရွ႕တံခါးဝအေရာက္ ခ်က္ျခင္းလာပို႔ေပးဖို႔ ျဖစ္လာေစခဲ့တာပါပဲ။ ထိုအခ်က္ဟာ လမ္းပိတ္ေနလို႔ဆိုတဲ့ ကန္႔သက္ခ်က္ႀကီးကို ႐ိုက္ခ်ိဳးပစ္လိုက္တယ္ဆိုတာလည္း မမွားပါဘူး။ အခုဆိုရင္ေတာ့ သင့္အေနနဲ႔ အစားအစာေတြ၊ ထုတ္ကုန္ေတြကို အိမ္ေရွ႕အေရာက္ မိနစ္ပိုင္းအ တြင္းရရွိႏုိင္ခဲ့ပါၿပီ။

ဒ႐ုန္းႏွင့္ အင္ဂ်င္နီယာ အခန္းက႑

အင္ဂ်င္နီယာ အခန္းက႑အတြက္လည္း ဒ႐ုန္းနည္းပညာဟာ ေကာင္းစြာအသံုးဝင္ေနပါၿပီ။ အထူးသျဖင့္ အင္ဂ်င္နီယာပိုင္းရဲ႕ လုပ္ငန္းဆုိင္ရာျဖစ္တဲ့ ေကဘယ္ႀကိဳးနဲ႔ ေလာင္စာဆီပိုက္လိုင္းမ်ား အစရွိသည္တို႔အေပၚ စစ္ေဆးျခင္းအတြက္ အသံုးခ်ႏိုင္မွာျဖစ္ပါတယ္။

3D ေျမပံုေရးဆြဲျခင္း

ေလဆိပ္တည္ေဆာက္မႈအတြက္ ေသာ္လည္းေကာင္း၊ အေျခခံအေဆာက္အဦးတည္ ေဆာက္မႈအတြက္ေသာ္လည္းေကာင္း အစရွိတဲ့ လုပ္ေဆာင္ခ်က္ ေပါင္းစံုအတြက္ ေျမပံုေတြကို ေရးဆြဲတဲ့အခါမွာ ဒ႐ုန္းေတြကို ေကာင္းေကာင္း အသံုးခ်ေနခဲ့ၿပီ ျဖစ္ပါတယ္။ ေျမတိုင္းျခင္းလုပ္ငန္းေတြကို ေကာင္းစြာေဆာင္ရြက္ ႏိုင္ဖို႔အတြက္လည္း ထိေရာက္စြာပံ့ပိုးေပးႏိုင္ပါၿပီ။

လံုၿခံဳမႈရွိစြာကင္းေထာက္ျခင္းအတြက္အသံုးျပဳျခင္း

အဆိုပါ ေသးငယ္တဲ့ စနစ္ေလးဟာ ျပည္သူ႕ဘ၀လံုၿခံဳ ဖို႔အတြက္ လူေနထူထပ္တဲ့အေျခ အေနမ်ိဳးမွာ ေကာင္းစြာကင္းေထာက္လွမ္းေပးႏုိင္စြမ္း ရွိပါတယ္။ ရာဇဝတ္မႈဆိုင္ရာ ျဖစ္စဥ္ေတြအတြက္ ဒ႐ုန္းေတြအေနနဲ႔ အစီရင္ခံဖို႔ အေထာက္အပံ့ေပးသလို မူးယစ္ေဆးဝါးကုန္သြယ္ျခင္း၊ ေရာင္းခ်ျခင္းနဲ႔ ေမွာင္ခိုခိုးဝင္မႈေတြကို ဓာတ္ပံု႐ိုက္ယူျခင္းျဖင့္ အခ်က္အလက္ေတြကို စုေဆာင္းေပးႏုိင္ျပန္ပါ ေသးတယ္။ စစ္ဘက္ဆုိင္ရာမွာေတာ့ အဆိုပါ စနစ္ကို အဆင့္ျမင့္တင္မႈမ်ားစြာ ျပဳလုပ္ၿပီး နယ္စပ္တစ္ေလွ်ာက္ ကင္းေထာက္ျခင္းအတြက္ ျဖစ္ေစ၊ ေရွ႕တန္းစစ္ ေျမျပင္မွာ တကိုယ္ရည္သံုး၊ သုိ႔မဟုတ္ တပ္ဖြဲ႕သံုးအတြက္ျဖစ္ေစ အသံုးခ်ေနတာလည္း ေတြ႕ရွိရမွာပါ။ ဒ႐ုန္းေတြရဲ႕ အသံုး၀င္လာမႈကေတာ့ အံမခန္းပါပဲ။

ႀကိဳးမဲ့အင္တာနက္စနစ္ နာမည္အေက်ာ္ၾကားဆံုးနဲ႔ အဆင့္ျမင့္ အသံုးခ်မႈအျဖစ္ ဒ႐ုန္းေတြကို အသံုးျပဳေနတာကေတာ့ အင္တာနက္၀န္ေဆာင္မႈအတြက္ပဲ ျဖစ္ပါတယ္။ နာမည္ေက်ာ္ လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ Facebook ကလည္း အင္တာနက္ရရွိဖို႔ အခက္အခဲျဖစ္ေနတဲ့ အေ၀းေရာက္ေဒသေတြကို ေနေရာင္ျခည္ စြမ္းအင္သံုးဒ႐ုန္းစနစ္ေတြကုိ အလွည့္ၾကအသံုး ျပဳၿပီးေတာ့ အင္တာနက္ကို ၂၄ နာရီေပးႏုိင္ဖို႔အတြက္ ေဆာင္ရြက္ေနပါၿပီ။ အင္တာနက္ဆိုတဲ့ စနစ္ကယေန႔ကမာၻႀကီးအတြက္ လူသားတိုင္းအတြက္ အသိပညာ၊ စီးပြားေရးအျမင္နဲ႔ ေခတ္ေပၚအေျခ အေနအေၾကာင္း အရာမ်ိဳးဆံုးကိုအခ်ိန္နဲ႔ တစ္ေျပးညီသိရွိဖို႔ လိုအပ္တဲ့စနစ္ပါ။ သင့္အေနနဲ႔ မၾကာခင္ကာလအခ်ိန္အတြင္းမွာ ကိုယ္ပိုင္လက္ကိုင္ဖုန္းကေနတစ္ဆင့္ ေလထဲမွာပ်ံသန္းေနတဲ့ ဒ႐ုန္းဆီကေန အင္တာနက္ကို ဖမ္းယူရရွိႏုိင္ေတာ့မွာပါ။

သုေတသနႏွင့္ သဘာ၀သိပၸံ နယ္ပယ္ဒ႐ုန္းေတြရဲ႕ လႈပ္ရွားႏိုင္စြမ္းေတြေၾကာင့္ ၎တို႔ဟာအနာဂတ္ ကာလမွမရွိမျဖစ္လိုအပ္မယ့္ စနစ္တစ္ခုပါ။ အရြယ္အစားေသးငယ္ေပမယ့္လည္း ပံ့ပုိးႏုိင္စြမ္းကသူမတူေအာင္ အက်ိဳးအျမတ္ရွိေစပါတယ္။ ဒ႐ုန္းေတြအတြက္ ပ်ံဝဲအသံုးခ်လို႔ မရႏိုင္တဲ့ ေနရာမရွိပါဘူး။ သင့္အေနနဲ႔ သူ႔စြမ္းေဆာင္ရည္ကို ပိုမိုေကာင္းမြန္ဖို႔အတြက္ အရည္အေသြးျမင့္တဲ့ ကင္မရာစနစ္ကို တပ္ဆင္ေပးဖို႔ပဲ လုိအပ္ပါတယ္။ ဒါဆိုရင္ေတာ့ ဘယ္ေနရာမဆိုသင္ ေတြ႕ျမင္ဖို႔အတြက္ စြမ္းေဆာင္ေပးမွာျဖစ္ ေၾကာင္း ေရးသားေဖာ္ျပလုိက္ရပါ တယ္။

လက္ရွိအခ်ိန္အားျဖင့္ေရာ အနာဂတ္ကာလမွာပါ ဒ႐ုန္းအသံုးျပဳျခင္းဟာ ပိုမိုမ်ားျပား လာဖို႔ပဲရွိပါတယ္။ အတားအဆီးကင္းမဲ့ၿပီး လြတ္လပ္စြာပ်ံသန္းႏုိင္ တဲ့ ေဝဟင္မွာဒ႐ုန္းေတြကို ပုိမုိျမင္ေတြ႕ လာရဦးမွာပါ။ ဒ႐ုန္းအသံုး ျပဳျခင္းနဲ႔ ပတ္သက္လို႔ေတာ့ ေကာင္းက်ိဳးမ်ားစြာ ရွိေနတာကို ေတြ႕ရမွာျဖစ္ေသာ္လည္း အျခားေသာတစ္ဘက္မွာလည္း ေဘးအႏၱရာယ္ရွိႏုိင္တဲ့ အေျခအေနေတြလည္း ေတြ႕ရွိေနရျပန္ပါ တယ္။ ဒါေၾကာင့္လည္း မပ်ံသန္း ရဇုန္ကဲ့သို႔ သတ္မွတ္ခ်က္ေတြ စည္းမ်ဥ္းစည္းကမ္းေတြကို ျပဌာန္းထားတာပါ။ သင့္အေနနဲ႔ ကိုယ္ပိုင္ ဒ႐ုန္းတစ္စင္းကို လက္၀ယ္ပိုင္ဆိုင္ၿပီး စတင္ပ်ံသန္း ၾကည့္ေတာ့မယ္ဆိုရင္ အဆိုပါ စည္းမ်ဥ္းေတြကို သိရွိေအာင္ ေတာ့ လုပ္ထားသင့္ေၾကာင္းေရးသားေဖာ္ျပလိုက္ရပါတယ္။

-ေက်ာ္လင္း (အမိေျမ)

[ Unicode ]

ဒရုန်း (Drone) ဆိုတဲ့ နာမည်နဲ့ ပတ်သက်လို့တော့ အားလုံးနားရည်ဝပြီး ဖြစ်နေကြမှာပါ။ စျေးကွက်အတွင်းမှာလည်း စျေးနှုန်းအမျိုးအစားစုံတဲ့ စနစ်များစွာကိုလည်း တွေ့ရှိနေကြမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းမှာ အများစု သိထားကြတဲ့ ဒရုန်းကိုအသုံးပြုခြင်းဆိုတဲ့ အဓိပ္ပာယ်က ပျံသန်းထိန်းချုပ်ရမှုကို သဘောကျခြင်းနဲ့ ရှုခင်းအလှဓာတ်ပုံ၊ ဗီဒီယိုပုံတွေ ရိုက်ကူးနိုင်ခြင်းလို့သာ ထင်နေကြတာကိုလည်း တွေ့ရှိရပြန်ပါတယ်။ တကယ်တော့ ဒရုန်းတွေကို အသုံးပြုနိုင်ခြင်းဟာ ကန့်သတ်ချက် မရှိလောက်အောင်ပါပဲ။ စစ်ဘက်ဆိုင်ရာ အတွက်သာမက အဆင့်မြှင့် စက်ကိရိယာတွေနဲ့ ပေါင်းစပ်ပြီး ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေမှာ အသုံးချနိုင်သလို ၎င်းတို့ရဲ့ စွမ်းဆောင်နိုင်စွမ်းကလည်း အံမခန်းဖြစ်နေဆဲပါ။

အသုံးပြုသူများပြားလာတဲ့အတွက်ကြောင့် ဒရုန်းနဲ့ပတ်သက်တဲ့ နည်းပညာတွေဟာလည်း လက်ရှိကာလအချိန်အတွင်းမှာ ပိုမိုတိုးတက်လာနေဆဲ ဖြစ်တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ယခင်တုန်းက အသုံးပြုနေတဲ့ ဒရုန်းစနစ်တွေဟာ အရွယ်အစား သေးငယ်သလို ၎င်းတို့ပျံသန်းဖို့အတွက် စွမ်းအားပေးတဲ့ စနစ်တွေဟာလည်း ကြာမြင့်စွာထောက်ပံ့ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ယနေ့ခေတ်မှာတော့ အဆင့်မြင့်စွာ တိုးတက်တီထွင်လာနိုင်ခဲ့တာကြောင့် ဒရုန်းစနစ်တွေဟာ အရွယ်အစားလည်း ပိုမိုကြီးမားလာသလို သယ်ဆောင်နိုင်မှုဝန်လည်း များပြားလာပြီဖြစ်တဲ့အပြင် ပျံသန်းချိန်ကိုလည်းတိုး မြင့်နိုင်ခဲ့ပါပြီ။ တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ဒရုန်းစနစ်တွေမှာ အာရုံခံစနစ်များစွာကို တပ်ဆင်လာနိုင်ခဲ့တာကြောင့် ဒရုန်းတွေရဲ့ စွမ်းဆောင်နိုင်စွမ်းဟာ ပိုမိုမြင့်မားလာခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒရုန်းစနစ်တွေနဲ့ ပတ်သက်လို့ သုံးနေတဲ့ အကြောင်းအရာများစွာ ရှိပေမယ့်လည်း လက်ရှိအချိန်အားဖြင့် သာမကအနာဂတ်မှာပါ ၎င်းတို့ရဲ့ အံမခန်းစွမ်းဆောင်နိုင်တဲ့ အသုံးချမှုနယ်ပယ် အချို့ကို ရေးသားဖော်ပြလိုက်ရပါတယ်။

လေကြောင်းဓာတ်ပုံရိုက်ခြင်းအတွက် အသုံးပြုနိုင်ခြင်း

လူအများစုအနေနဲ့ အဆင့်မြင့်ကင်မရာတွေ တပ်ဆင်ထားတဲ့ ဒရုန်းစနစ်တွေကို အသုံးပြုပြီးဝင်ရောက်ဖို့ တားမြစ်ထားတဲ့ နေရာတွေအပေါ် လေကြောင်းကနေ ဓာတ်ပုံရိုက်ယူနိုင်နေကြပါပြီ။ ယခင်တုန်းကထိုသို့သော ဆောင်ရွက်ချက်နဲ့ပတ်သက်လို့ အရေးကြီးတဲ့ ဓာတ်ပုံတွေကို လိုချင်တဲ့အချိန်မှာ ရဟတ်ယာဉ်တွေကို ငှားရမ်းအသုံးပြုပြီးတော့သာ ဆောင်ရွက်နိုင်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့အချိန်မှာတော့ ဒါဟာအလွန့်ကို ရိုးစင်းလွန်းလှတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ ဒရုန်းတွေအနေနဲ့ ၎င်းတို့ရဲ့ သေးငယ်တဲ့အရွယ်အစားကြောင့် တားမြစ်ထားတဲ့ နေရာကို အလွယ်တကူ ဝင်ရောက်နိုင်မှာဖြစ်သလို ၎င်းတို့အနေနဲ့ မျက်နှာချင်းဆိုင် အင်တာဗျူးလုပ်ချင်းအတွက်လည်း ဗီဒီယိုရိုက်ကူးထားဖို့ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးချခြင်း

ယနေ့အချိန်အခါမှာတော့ ဒရုန်းအများစုမှာ အပူအာရုံခံစနစ်တွေကို တပ်ဆင်အသုံးပြုနေပြီ ဖြစ်တဲ့အတွက် ၎င်းစနစ်များအနေဖြင့် ပျောက်ဆုံးနေသူများ၏ တည်နေရာကို အတိအကျ ဖော်ပြပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အမှောင်ထုအတွင်းနဲ့ လူသားတို့ဝင်ရောက်ရန် ကန့်သတ်ချက်ရှိနေတဲ့ အခြေအနေမျိုးတွေမှာလည်း တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ယခင်ကရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ နည်းပညာ အခက်အခဲတွေကြောင့် အချိန်ကာလအတော်ကြာသည်အထိ ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ကြပါဘူး။

အခုတော့ အဆိုပါဆောင်ရွက်ချက်တွေကို မိနစ်ပိုင်းအတွင်း လုပ်ဆောင်နိုင်ပါပြီ။ ဒရုန်းတွေအနေနဲ့ ရှာဖွေခြင်းနဲ့ ကယ်ဆယ်ခြင်းသာမက လူသားတွေ ရောက်ရှိဖို့ မလွယ်ကူတဲ့ နေရာတွေကို ပျံသန်းဝင်ရောက်ပြီး ထောက်ပံ့ပေး ပစ္စည်း လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

စိုက်ပျိုးရေးတွင်အသုံးချခြင်း

ဒရုန်းနည်းပညာကြောင့် အောင်မြင်မှု အများစုရရှိတဲ့ နယ်ပယ်ကတော့ စိုက်ပျိုးရေးနယ်ပယ်ပါပဲ။ စိုက်ပျိုးရေးဆိုင်ရာ အကြောင်းအမျိုးမျိုးတွေအတွက် ၎င်းတို့အနေနဲ့ လယ်သမားတွေကို ကောင်းစွာ အထောက်အပံ့ပြု ပေးနိုင်နေပြီလည်း ဖြစ်ပါတယ်။

ဒရုန်းတွေကို အပင်တွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် စောင့်ကြည့်ဖို့ အသုံးချနိုင်သလို၊ ဧကများစွာကျယ်ဝန်းတဲ့ စိုက်ပျိုးရေးမြေ နေရာမှာ ရေပေးဝေမှုစနစ်တွေ ထိရောက်မှန်ကန်မှု ရှိရဲ့လားဆို
တာကိုလည်း အချိန်ကုန်၊ လူမပင်ပန်းဘဲ ကြည့်ရှုစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေသြဇာဖြန်းခြင်းနဲ့ ပိုးသတ်ဆေးဖြန်းခြင်းတွေမှာလည်း အချိန်ကုန် လူမပင်ပန်းဘဲ ဆောင်ရွက်နိုင်ခြင်းဟာ တကယ့်ကို အကျိုးအမြတ်ရရှိစေတဲ့ အချက်ပါပဲ။

ကုန်စည်ပို့ဆောင်ခြင်း

အဆင့်မြင့် ဒရုန်းစနစ်တွေဟာ အတော်အသင့်လေးလံတဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ယနေ့အချိန်အခါမှာတော့ သူတို့ကို ကုန်စည်ပို့ဆောင်ခြင်းအတွက် ကောင်းစွာ အသုံးချနေကြပါပြီ။ ထိုအချက်ဟာ ကုန်ပစ္စည်းမှာယူ သူတွေအတွက် ၎င်းတို့တောင်း ဆိုမှုပြုတဲ့ ထုတ်ကုန်အပေါ် အိမ်ရှေ့တံခါးဝအရောက် ချက်ခြင်းလာပို့ပေးဖို့ ဖြစ်လာစေခဲ့တာ ပါပဲ။ ထိုအချက်ဟာ လမ်းပိတ်နေလို့ဆိုတဲ့ ကန့်သက်ချက်ကြီးကို ရိုက်ချိုးပစ်လိုက်တယ်ဆိုတာလည်း မမှားပါဘူး။ အခုဆိုရင်တော့ သင့်အနေနဲ့ အစားအစာတွေ၊ ထုတ်ကုန်တွေကို အိမ်ရှေ့အရောက် မိနစ်ပိုင်းအ တွင်းရရှိနိုင်ခဲ့ပါပြီ။

ဒရုန်းနှင့် အင်ဂျင်နီယာ အခန်းကဏ္ဍ

အင်ဂျင်နီယာ အခန်းကဏ္ဍအတွက်လည်း ဒရုန်းနည်းပညာဟာ ကောင်းစွာအသုံးဝင်နေပါပြီ။ အထူးသဖြင့် အင်ဂျင်နီယာပိုင်းရဲ့ လုပ်ငန်းဆိုင်ရာဖြစ်တဲ့ ကေဘယ်ကြိုးနဲ့ လောင်စာဆီပိုက်လိုင်းများ အစရှိသည်တို့အပေါ် စစ်ဆေးခြင်းအတွက် အသုံးချနိုင်မှာဖြစ်ပါတယ်။

3D မြေပုံရေးဆွဲခြင်း

လေဆိပ်တည်ဆောက်မှုအတွက် သော်လည်းကောင်း၊ အခြေခံအဆောက်အဦးတည် ဆောက်မှုအတွက်သော်လည်းကောင်း အစရှိတဲ့ လုပ်ဆောင်ချက် ပေါင်းစုံအတွက် မြေပုံတွေကို ရေးဆွဲတဲ့အခါမှာ ဒရုန်းတွေကို ကောင်းကောင်း အသုံးချနေခဲ့ပြီ ဖြစ်ပါတယ်။ မြေတိုင်းခြင်းလုပ်ငန်းတွေကို ကောင်းစွာဆောင်ရွက် နိုင်ဖို့အတွက်လည်း ထိရောက်စွာပံ့ပိုးပေးနိုင်ပါပြီ။

လုံခြုံမှုရှိစွာကင်းထောက်ခြင်းအတွက်အသုံးပြုခြင်း

အဆိုပါ သေးငယ်တဲ့ စနစ်လေးဟာ ပြည်သူ့ဘဝလုံခြံု ဖို့အတွက် လူနေထူထပ်တဲ့အခြေ အနေမျိုးမှာ ကောင်းစွာကင်းထောက်လှမ်းပေးနိုင်စွမ်း ရှိပါတယ်။ ရာဇဝတ်မှုဆိုင်ရာ ဖြစ်စဉ်တွေအတွက် ဒရုန်းတွေအနေနဲ့ အစီရင်ခံဖို့ အထောက်အပံ့ပေးသလို မူးယစ်ဆေးဝါးကုန်သွယ်ခြင်း၊ ရောင်းချခြင်းနဲ့ မှောင်ခိုခိုးဝင်မှုတွေကို ဓာတ်ပုံရိုက်ယူခြင်းဖြင့် အချက်အလက်တွေကို စုဆောင်းပေးနိုင်ပြန်ပါ သေးတယ်။ စစ်ဘက်ဆိုင်ရာမှာတော့ အဆိုပါ စနစ်ကို အဆင့်မြင့်တင်မှုများစွာ ပြုလုပ်ပြီး နယ်စပ်တစ်လျှောက် ကင်းထောက်ခြင်းအတွက် ဖြစ်စေ၊ ရှေ့တန်းစစ် မြေပြင်မှာ တကိုယ်ရည်သုံး၊ သို့မဟုတ် တပ်ဖွဲ့သုံးအတွက်ဖြစ်စေ အသုံးချနေတာလည်း တွေ့ရှိရမှာပါ။ ဒရုန်းတွေရဲ့ အသုံးဝင်လာမှုကတော့ အံမခန်းပါပဲ။

ကြိုးမဲ့အင်တာနက်စနစ် နာမည်အကျော်ကြားဆုံးနဲ့ အဆင့်မြင့် အသုံးချမှုအဖြစ် ဒရုန်းတွေကို အသုံးပြုနေတာကတော့ အင်တာနက်ဝန်ဆောင်မှုအတွက်ပဲ ဖြစ်ပါတယ်။ နာမည်ကျော် လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ကလည်း အင်တာနက်ရရှိဖို့ အခက်အခဲဖြစ်နေတဲ့ အဝေးရောက်ဒေသတွေကို နေရောင်ခြည် စွမ်းအင်သုံးဒရုန်းစနစ်တွေကို အလှည့်ကြအသုံး ပြုပြီးတော့ အင်တာနက်ကို ၂၄ နာရီပေးနိုင်ဖို့အတွက် ဆောင်ရွက်နေပါပြီ။ အင်တာနက်ဆိုတဲ့ စနစ်ကယနေ့ကမ္ဘာကြီးအတွက် လူသားတိုင်းအတွက် အသိပညာ၊ စီးပွားရေးအမြင်နဲ့ ခေတ်ပေါ်အခြေအနေအကြောင်း အရာမျိုးဆုံးကိုအချိန်နဲ့ တစ်ပြေးညီသိရှိဖို့ လိုအပ်တဲ့စနစ်ပါ။ သင့်အနေနဲ့ မကြာခင်ကာလအချိန်အတွင်းမှာ ကိုယ်ပိုင်လက်ကိုင်ဖုန်းကနေတစ်ဆင့် လေထဲမှာပျံသန်းနေတဲ့ ဒရုန်းဆီကနေ အင်တာနက်ကို ဖမ်းယူရရှိနိုင်တော့မှာပါ။

သုတေသနနှင့် သဘာဝသိပ္ပံ နယ်ပယ်ဒရုန်းတွေရဲ့ လှုပ်ရှားနိုင်စွမ်းတွေကြောင့် ၎င်းတို့ဟာအနာဂတ် ကာလမှမရှိမဖြစ်လိုအပ်မယ့် စနစ်တစ်ခုပါ။ အရွယ်အစားသေးငယ်ပေမယ့်လည်း ပံ့ပိုးနိုင်စွမ်းကသူမတူအောင် အကျိုးအမြတ်ရှိစေပါတယ်။ ဒရုန်းတွေအတွက် ပျံဝဲအသုံးချလို့ မရနိုင်တဲ့ နေရာမရှိပါဘူး။ သင့်အနေနဲ့ သူ့စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်ဖို့အတွက် အရည်အသွေးမြင့်တဲ့ ကင်မရာစနစ်ကို တပ်ဆင်ပေးဖို့ပဲ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ဘယ်နေရာမဆိုသင် တွေ့မြင်ဖို့အတွက် စွမ်းဆောင်ပေးမှာဖြစ် ကြောင်း ရေးသားဖော်ပြလိုက်ရပါ တယ်။

လက်ရှိအချိန်အားဖြင့်ရော အနာဂတ်ကာလမှာပါ ဒရုန်းအသုံးပြုခြင်းဟာ ပိုမိုများပြား လာဖို့ပဲရှိပါတယ်။ အတားအဆီးကင်းမဲ့ပြီး လွတ်လပ်စွာပျံသန်းနိုင် တဲ့ ဝေဟင်မှာဒရုန်းတွေကို ပိုမိုမြင်တွေ့လာရဦးမှာပါ။ ဒရုန်းအသုံး ပြုခြင်းနဲ့ ပတ်သက်လို့တော့ ကောင်းကျိုးများစွာ ရှိနေတာကို တွေ့ရမှာဖြစ်သော်လည်း အခြားသောတစ်ဘက်မှာလည်း ဘေးအန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေလည်း တွေ့ရှိနေရပြန်ပါ တယ်။ ဒါကြောင့်လည်း မပျံသန်း ရဇုန်ကဲ့သို့ သတ်မှတ်ချက်တွေ စည်းမျဉ်းစည်းကမ်းတွေကို ပြဌာန်းထားတာပါ။ သင့်အနေနဲ့ ကိုယ်ပိုင် ဒရုန်းတစ်စင်းကို လက်၀ယ်ပိုင်ဆိုင်ပြီး စတင်ပျံသန်း ကြည့်တော့မယ်ဆိုရင် အဆိုပါ စည်းမျဉ်းတွေကို သိရှိအောင် တော့ လုပ်ထားသင့်ကြောင်းရေးသားဖော်ပြလိုက်ရပါတယ်။