ဒဿနိကဗေဒကို စိတ်ဝင်စားသူများအတွက် Philosopher AI

အသစ်ထွက်ရှိလာတဲ့ https://philosopherai.com/ Philosopher AI ဟာ အဓိပ္ပာယ်မရှိတဲ့ ကမ္ဘာကြီးအတွင်း တစ်စုံတစ်ရာကို တွေ့ရှိဖို့ အထောက်အပံ့ပေးမှာပါ။အဲဒီ ဝက်ဘ်ဆိုက်ကို ဝင်ရောက်လည်ပတ်သူက ကနဦးအစကတည်းက လူသားတွေက မကျေလည်နိုင်တဲ့ မေးခွန်းတွေကို ဖြည့်သွင်း မေးမြန်းနိုင်ပါတယ်။

Philosopher AI ဟာ ဒဿနိကဗေဒကို စိတ်ဝင်စားသူတွေအတွက် အသုံးဝင်စေမယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်မှာ OpenAI ရဲ့ GPT-3 စာသားထုတ်လုပ်မှုစနစ်ကို အသုံးပြုထားတဲ့အတွက် ဖြည့်သွင်းလိုက်တဲ့ စာသားကို စိစစ်ပြီး ပြန်လည်ဖြေကြားပေးပါမယ်။

အခုစနစ်ကို ဖန်တီးသူကတော့ ဗန်ကူပါးအခြေစိုက် ပရိုဂရမာ Murat Ayfer ဆိုသူဖြစ်ပါတယ်။ အခု AI မှာ ကိုယ်ပိုင် အမြင်တွေနဲ့ အသိပညာတွေ မရှိသေးဘူးလို့ ဆိုထားပါတယ်။

-စိုးထက်
Ref: TheNextWeb

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««