ဒေါ်လာ ၆၀၀ အထိ ကျသင့်မယ့် Apple AirPods Studio

Apple ဟာ စတိုးမှာ Apple နဲ့ Beats ထုတ်ကုန်တွေအတွက် Bose, Logitech နဲ့ Sonos ကိုဖယ်ရှားခဲ့ပါတယ်။ Apple အနေနဲ့ ကုမ္ပဏီပထမဆုံး over-ear နားကြပ် AirPods Studio ကို ရောင်းချနိုင်ဖွယ်ရှိပါတယ်။

Apple ဟာ AirPods Studio ကို သားရေနဲ့ သတ္တုပြုလုပ်ထားတဲ့ ပရီမီယမ်ဗားရှင်းကို ရောင်းချနိုင်ပြီး ဒေါ်လာ ၆၀၀ ကျသင့်သလို နောက်ဗားရှင်းကတော့ ဒေါ်လာ ၃၅၀ ပဲ ကျသင့်ပါမယ်။ ဈေးသက်သာတဲ့ ဗားရှင်းမှာ နားခွက်အတွက် ချည်ထည်အသုံးပြုထားပြီး သံလိုက်ပါဝင်တယ်လို့ သိရပါတယ်။

Apple AirPods Studio ကတော့ နားကြပ်ပေါက်တွေ အတွက် အသုံးမပြုနိုင်ဘဲ USB-C port ပဲ ပါဝင်ပါမယ်။ နားကြပ်မှာ Active Noise Cancellation ပါဝင်မယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««