ဒေါ်လာ ၆,၀၀၀ ကျသင့်မယ့် Zeiss Android ကင်မရာ

Zeiss ဟာ လွန်ခဲ့တဲ့၂ နှစ်က မိတ်ဆက်ခဲ့တဲ့ ZX1 ကင်မရာကို မကြာခင် ရောင်းချပါတော့မယ်။ အဲဒီ ကင်မရာကို ဒေါ်လာ ၆,၀၀၀ နဲ့ ကြိုတင်မှာယူနိုင်မယ်လို့ B&H Photo အီးမေးလ်ကတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။ Zeiss ZX1 ကင်မရာဟာ ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ထွက်ရှိဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Zeiss ZX1 မှာ 37-megapixel full-frame sensor ပါဝင်ပြီး 35mm f/2 lens ၊ အီလက်ထရောနစ် viewfinder , aperture, shutter speed နဲ့ ISO ထိန်းချုပ်နိုင်တဲ့ ခလုတ် ၃ ခု ပါဝင်လာပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ ၄.၃ လက်မ touchscreen ဖြစ်ပြီး Android အသုံးပြုထားပါတယ်။

ဒါ့အပြင် Adobe Lightroom လည်းပါဝင်ပြီး ဓာတ်ပုံတွေကို တည်းဖြတ်နိုင်ပါတယ်။ အခြား လုပ်ဆောင်ချက်တွေကတော့ Wi-Fi, USB-C နဲ့ storage 512GB တို့ဖြစ်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««