ဒေါ်လာ ၅၀ တန် Beat နားကြပ်များ

Apple ဟာ iPhone ပွဲမှာ iPhone 12 တွေမိတ်ဆက်ခဲ့ပြီးနောက်မှာ အသံပိုင်းဆိုင်ရာ အတွက် ထုတ်ကုန်သစ်တွေကို မိတ်ဆက်လိုက်ပြန်ပါတယ်။

iPhone 12 တွေနဲ့တွဲဖက်အသုံးပြုဖို့အတွက် Apple ပိုင် Beats ကလည်း နားကြပ်အသစ်တွေ ပြသလိုက်ပါတယ်။ Apple ရဲ့ Beats Flex နားကြပ်အသစ်တွေက ဒေါ်လာ ၅၀ ပဲကျသင့်ပါတယ်။ Beats အနေနဲ့ နှစ်အနည်းငယ်အတွင်း ကြိုးမဲ့ earbuds ဈေးနှုန်းကို လျှော့နေပါတယ်။ ဒေါ်လာ ၁၀၀ အောက် နားကြပ်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Beats Flex နားကြပ်ကို အသုံးမပြုတဲ့အချိန်မှာ လည်ကုပ်မှာ ဝတ်ဆင်ထားနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ နားကြပ်တစ်ဖက်စီမှာ သံလိုက်အစိတ်အပိုင်း ပါဝင်ပြီး ကပ်ထားလိုက်တာနဲ့ သီချင်းရပ်သွားပါမယ်။

-စိုးထက်
Ref: TechCrunch

 

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««