ဒေါ်လာ ၅၀၀ အောက် Surface Laptop ကို Microsoft ဖန်တီးနေ

Microsoft ဟာ Chromebook နဲ့ iPad တွေကို ယှဉ်ပြိုင်နိုင်ဖို့ ဈေးသက်သာတဲ့ Surface laptop ကို ဖန်တီးနေပါတယ်။ ကျောင်းသား အများစုဟာ အဝေးကနေ ပညာသင်ကြားဖို့ laptop တွေလိုအပ်နေပါတယ်။ ဒါကြောင့် ဒေါ်လာ ၅၀၀ အောက် laptop တွေဆို ပိုမိုသင့်တော်ပါတယ်။

Surface ထုတ်ကုန်တွေက ဈေးနှုန်းမြင့်မားပြီး အရည်အသွေး ကောင်းမွန်ပါတယ်။ ဒါပေမဲ့ Microsoft က Surface Go tablet လိုမျိုး ဘတ်ဂျက်ထုတ်ကုန်နဲ့ အောင်မြင်မှုရမယ့် အစီအစဉ်ကို ရှာဖွေနေပါတယ်။ Microsoft က ဘတ်ဂျက် Surface Laptop နဲ့ အလားတူ ရေစီးကြောင်း ဆက်လက်ဖော်ဆောင်ဖို့ ရှိပါတယ်။

Windows Central ဖော်ပြချက်အရ ဈေးသက်သာတဲ့ Surface laptop လျှို့ဝှက်အမည်က Sparti ဖြစ်ပါတယ်။ မျက်နှာပြင် ၁၂.၅ လက်မ display နဲ့ Intel Core i5, RAM 4GB နဲ့Storage 64GB တို့ပါဝင်လာပါတယ်။ Windows 10 “S mode” ပါဝင်ပြီး Windows Store က app တွေပဲ install ပြုလုပ်နိုင်ပါမယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ နဲ့ ၆၀၀ အကြားရှိပါတယ်။

-စိုးထက်
Ref: TechSpot

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««