ဒေါ်လာ ၅၀၀ အောက်ပဲရှိတဲ့ ဖုန်းများ

ဒီနှစ်မှာ ဖုန်းကုမ္ပဏီအများစုက ဈေးနှုန်းသင့်တင့်တဲ့ ဖုန်းတွေဖြစ်တဲ့ iPhone SE, Pixel 4A နဲ့ Galaxy A51 တို့ထုတ်လုပ်ကြပါတယ်။ ဒေါ်လာ ၅၀၀ အောက် ဈေးအသင့်အတင့်ဖုန်းတွေကို ဝယ်ယူမယ့်သူတွေအတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Apple iPhone SE (2020)

မူလ iPhone SE နဲ့ ၂၀၂၀ မော်ဒယ်အကြား ၄ နှစ်ကွာခြားပါတယ်။ Apple ဟာ ၂၀၂၀ iPhone SE မှာတော့ အဆင့်မြှင့်တင်မှုများစွာ ထည့်သွင်းခဲ့ပါတယ်။ ကြိုးမဲ့အားသွင်းစနစ် ပါဝင်သလို ကင်မရာပိုင်းလည်း ပါဝင်ပြီး ရေစိုလည်းခံပါတယ်။

Google Pixel 4A

Google Pixel 4A ကတော့ မျက်နှာပြင် ၅.၈၁ လက်မရှိပြီး အနက်ရောင်တစ်မျိုးပဲ ထွက်ရှိပါတယ်။ နားကြပ်ပေါက်ပါဝင်ကာ Pixel 4 ထက် မျက်နှာပြင် ကြီးမားပြီး storage 128GB ပါဝင်လာပါတယ်။

Samsung Galaxy A51

Samsung ဟာ Galaxy S20 ဖုန်းတွေ အဓိကထား ထုတ်လုပ်ပေးမယ့် ဈေးနှုန်းသင့်တင့်တဲ့ A စီးရီးဖုန်းတွေကိုလည်း ထုတ်လေ့ရှိပါတယ်။ Galaxy A51 ဖုန်းမှာတော့ ကင်မရာ ၄ လုံးနဲ့ in-screen fingerprint readeer နဲ့ memory တိုးချဲ့နိုင်ပါတယ်။

Motorola Moto G Stylus

Motorola Moto G Stylus မှာ productivity အတွက် အကူအညီဖြစ်စေမယ့် Notes app နဲ့အတူ stylus လည်းပါဝင်လာပါတယ်။ ကင်မရာ ၃ လုံးပါဝင်ပြီး storage 128GB နဲ့ ဘက်ထရီ 4,000mAh ပါဝင်လာပါတယ်။

Samsung Galaxy A50

Galaxy A50 ဟာ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့ပေမယ့် ဖုန်းကောင်းတစ်လုံး ဖြစ်နေဆဲပါ။ မျက်နှာပြင် ၆.၄ လက်မ AMOLED နဲ့ in-screen fingerprint reader အပြင် နားကြပ်ပေါက်လည်း ပါဝင်လာပါတယ်။

Motorola Moto G Power

Moto G Power မှာတော့ ဘက်ထရီ 5,000mAh ပါဝင်ပြီး အားတစ်ခါသွင်းရင် ၄ ရက်အထိ အသုံးပြုနိုင်ပါတယ်။ ကျောဘက်ကင်မရာ ၃ လုံးအထိ ပါဝင်ပြီး မျက်နှာပြင် ၆.၄ လက်မနဲ့ memory တိုးချဲ့နိုင်ပါတယ်။

Motorola Moto Z4

Moto Z4 ဟာ အစောဆုံးထွက်ရှိခဲ့တဲ့ 5G ဖုန်းတစ်မျိုး ဖြစ်ပါတယ်။ Moto Mod 5G ဆက်စပ်ပစ္စည်းကို အသုံးပြုပြီး ဖုန်းနောက်ကျောမှာ သံလိုက်ကတစ်ဆင့် တပ်ဆင်နိုင်ပါတယ်။ ဒါ့အပြင် ၂၆၀ ဒီဂရီ ကင်မရာနဲ့ photo printer တို့လည်း ပါဝင်လာပါတယ်။

Samsung Galaxy S9

Galaxy S9 သက်တမ်းက ၂ နှစ် ရှိပေမယ့် စွမ်းဆောင်ရည် ကောင်းမွန်ပါတယ်။ ဖုန်းက ရေစိုခံပြီး ကြိုးမဲ့အားသွင်းစနစ်၊ storage တိုးချဲ့နိုင်သလို နားကြပ်ပေါက်လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် ခေတ်မီဒီဇိုင်း OLED display အကွေးလည်း ပါဝင်လာပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««