ဒေါ်လာ ၅၀၀ကျသင့်မယ့် OnePlus Nord ဖုန်း

OnePus Nord ကို ဇူလိုင် ၁ရက်မှာ ကြိုတင်ရောင်းချမှာ ဖြစ်ပေမယ့် ဘယ်တော့ ဖြန့်ချိမလဲဆိုတာ အတည်မပြုသေးပါဘူး။ အခုဆိုရင် OnePlus က Nord စမတ်ဖုန်း ဖန်တီးနေတဲ့ နောက်ကွယ်က အသေးစိတ် မှတ်တမ်းကားအတို ပထမပိုင်းကို တင်ခဲ့ပါတယ်။ အသစ်ထွက်ရှိမယ့် OnePlus Nord ဖုန်းက ဒေါ်လာ ၅၀၀လောက်ပဲရှိမယ်လို့ စီအီးအို ပီတာလူကအတည်ပြုခဲ့ပါတယ်။

ဖုန်းရဲ့ ရှေ့ပြေးပုံစံ ၂မျိုးကို ပြသခဲပါတယ်။

ဇူလိုင် ၇ရက်မှာ OnePlus Nord ဖုန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ ထုတ်ပြန်မယ်လို့ ဗီဒီယိုမှာ ပြောထားပါတယ်။ ကောလာဟလတွေအရ OnePlus Nord ကို ဇူလိုင် ၁၀ရက်မှာ မိတ်ဆက်နိုင်ပါတယ်။

-စိုးထက်
Ref: GSMArena