ဒေါ်လာ ၂,၅၀၀ တန် Sony Xperia Pro

Sony ကတော့ ၂၀၂၀ ဖေဖော်ဝါရီလမှ မိတ်ဆက်ခဲ့တဲ့ Xperia 1 II အခြေခံပြီး ထုတ်လုပ်ထားတဲ့ Xperia Pro ကိုမိတ်ဆက်လိုက်ပါတယ်။ အခုဖုန်းကိုတော့ အမေရိကန် Verizon Wireless ကနေတစ်ဆင့် ဒေါ်လာ ၂,၅၀၀ နဲ့ သီးသန့်ရောင်းချပါမယ်။

Xperia Pro မှာတော့ 5G (mmWave) အင်တာနာ ၄ ခုအထိပါဝင်ပြီး micro-HDMI connector တစ်ခုလည်း ပါဝင်လာပါသေးတယ်။ Sony Alpha ကင်မရာနဲ့ တွဲဖက်ပြီး external မော်နီတာ တစ်ခုအဖြစ် အသုံးပြုနိုင်သလို FTP ဆာဗာနဲ့လည်း ချိတ်ဆက်နိုင်ပြီး ရိုက်ကူးရေးလုပ်နေစဉ်မှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို upload လုပ်နိုင်ပါတယ်။ အဲဒီဓာတ်ပုံနဲ့ ဗီဒီယိုတွေကို mmWave မြန်နှုန်းနဲ့ upload လုပ်နိုင်ပါမယ်။

ဖုန်းက ကင်မရာ display ကိုလည်း mirror လုပ်ပေးပြီး အရည်အသွေးမြင့် external မော်နီတာအဖြစ် အသုံးချနိုင်ပါတယ်။

Xperia Pro ကတော့ Xperi‌a 1 II ထက် ပိုမာကျောပါတယ်။ မျက်နှာပြင်အရွယ် ၆.၅ လက်မ 4K HDR OLED display နဲ့ Snapdragon 865 chipset အပြင် 12MP ကင်မရာ ၃ လုံးမှာ phase-detect autofocus ပါဝင်လာပါတယ်။ လူနဲ့ တိရစ္ဆာန်မျက်လုံးတွေကို autofocus လုပ်ပေးပြီး 20fps , AF (autofocus) နဲ့ AE (auto exposure) ဓာတ်ပုံတွေ ရိုက်ကူးပေးပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««