ဒေါ်လာ ၂၀၀ အောက် ဘတ်ဂျက်ဖုန်းများ

ဒီနှစ်ထဲမှာ တန်ဖိုးကြီးဖုန်းအများစု ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဈေးသက်သာတဲ့ ဖုန်းကောင်း အနည်းငယ်ထွက်လာပါတယ်။ ဒေါ်လာ ၂၀၀ အောက် ဘတ်ဂျက်ဖုန်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Redmi 9C

လူအများစုဟာ ကိုဗစ်ကပ်ရောဂါကာလ အတွင်းမှာ ရှင်သန်ရပ်တည်နိုင်ဖို့ ဖုန်းအတွက် ငွေကြေးသုံးစွဲမှုကို ချင့်ချိန်ရသလို ရုန်းကန်ရပါတယ်။ Redmi 9C ကတော့ အခုကာလအတွက် ကိုက်ညီသလို ဈေးလည်း သက်သာပါတယ်။

Realme C15

Realme C15 ကတော့ Realme C11 ကိုအားဖြည့်လိုက်တဲ့ မော်ဒယ် ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါ့အပြင် လူကြီးပိုင်းတွေအတွက် သင့်တော်တဲ့ ဖုန်းတစ်မျိုး ဖြစ်ပါတယ်။

Redmi 9

အခြေခံ အချက်အလက်တွေနဲ့ အရည်အသွေးမြင့် တည်ဆောက်မှုရှိတဲ့ ဖုန်းဖြစ်ပါတယ်။ Redmi ဖုန်းတွေထဲမှာ Redmi 9 အရည်အသွေးပိုင်း စိတ်ချရပါတယ်။ ဖုန်းမှာ app တချို့သွင်းဖို့ ဖန်တီးရသလို Google app တွေလည်း ပါဝင်လာပါတယ်။

Redmi Note 9

Redmi Note ဖုန်းတွေမှာ မြင်တွေ့နေကျ ဒီဇိုင်းဖြစ်ပါတယ်။ Xiaomi ကတော့ ဈေးသက်သာတဲ့ စမတ်ဖုန်းနဲ့ ပတ်သက်ရင်တော့ စိတ်ချရပါတယ်။

Realme 6i

Realme ဟာ USB-C port ပါဝင်တဲ့ ဘတ်ဂျက်ဖုန်းကို ဖြန့်ချိလိုက်ပါတယ်။ Realme 6i အခြေခံ အစိတ်အပိုင်းတွေက သိပ်မထူးခြားပါဘူး။ Realme 6i ကတော့ ဂိမ်းကစားတာ၊ နေ့စဉ်လုပ်ငန်း ဆောင်ရွက်တာတွေ ပြုလုပ်နိုင်သလို ဘက်ထရီသက်တမ်းလည်း ကောင်းမွန်ပါတယ်။

စိုးထက်
Ref: GadgetMatch

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««