ဒေါ်လာ ၁၀,၀၀၀ အထိ ဆုကြေးရရှိနိုင်မည့် HUAWEI FILM AWARDS 2020 ကျင်းပမည်

မြန်မာနိုင်ငံ အပါအဝင် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများအားလုံးမှ ဗီဒီယို၊ ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးဖန်တီးမှုကို စိတ်ပါဝင်စားသူများ ပါဝင်ဆင်နွှဲနိုင်မယ့် HUAWEI Film Awards 2020 (HFA2020) ကို ကျင်းပမယ်လို့ သိရပါတယ်။

ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက်ကျင်းပခြင်း ဖြစ်ပြီး HUAWEI မှ နှစ်စဉ်ကျင်းပပြုလုပ်နေကျ ဓာတ်ပုံပြိုင်ပွဲတစ်ခု ဖြစ်တဲ့ NEXT-IMAGE Awards ပြိုင်ပွဲရဲ့ နောက်ဆက်တွဲ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၂၀ ခုနှစ်မှ မတ်လ ၁၈ ရက်၊ ၂၀၂၁ ခုနှစ် အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ပြိုင်ပွဲဝင် ဗီဒီယိုများ ပေးပို့ယှဉ်ပြိုင်နိုင်ကာ အမြင့်ဆုံးဆု အနေနဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နဲ့ အခြားဆုများအတွက် HUAWEI Mate 40 Pro တို့ကို ဆုအဖြစ်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲဝင်အနေနဲ့ HUAWEI ရဲ့ ခေတ်မီနည်းပညာတွေကို အသုံးပြုထားတဲ့ စမတ်ဖုန်းကင်မရာနဲ့ မိမိရဲ့ စိတ်ကူးစိတ်သန်းကို ဖန်တီးမှုအားကောင်းကောင်းနဲ့ ကြာမြင့်ချိန် (၁၀) မိနစ်ထက် မကျော်လွန်စေဘဲ တင်ဆက်ပြသရိုက်ကူးထားတဲ့ ဗီဒီယိုနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ဗီဒီယိုများကို အကဲဖြတ်နိုင်ဖို့ အတွက် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက ဝင်ရောက် ရွေးချယ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ HUAWEI Film Awards 2020 (HFA 2020)နဲ့ ပတ်သက်ပြီး ပါဝင်ယှဉ်ပြိုင်ရမယ့်ပုံ အဆင့်ဆင့် အသေးစိတ်ကို https://consumer.huawei.com/en/community/hfa/?forumId=40452 မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေအနေနဲ့ မည်သည့် HUAWEI ဖုန်းအမျိုးအစားနဲ့ မဆို ဗီဒီယိုရိုက်ကူးဖန်တီးနိုင်ပြီး ရိုက်ကူးဖန်တီး၊ တည်းဖြတ်ထားတဲ့ ဗီဒီယိုကို YouTube မှာ public setting နဲ့ တင်ရမှာဖြစ်ပါတယ်။ ထို့နောက် HUAWEI Community Portal သို့ Login ဝင်ရမှာဖြစ်ပြီး HFA2020 Entry form (ပြိုင်ပွဲဝင်ပုံစံဖောင်) မှာ လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်စွက်ပြီး YouTube URL link ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««