ဒေါ်လာဘီလျံ ၄၀ နဲ့ Arm ကို Nvidia ဝယ်ယူ

Nvidia ဟာ ဗြိတိန်အခြေစိုက် ချစ်ဖန်တီးသူ Arm ကိုဝယ်ယူလိုက်တယ်လို့ ဝန်ထမ်းအိတ်ဖွင့်ပေးစာမှာ စီအီးအို ဂျန်ဆန်ဟွမ်က ပြောခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ Nvidia ဟာ Arm ကို ဒေါ်လာဘီလျံ ၄၀ နဲ့ ဝယ်ယူလိုက်ပါတယ်။

Arm ဟာ Nvidia ရဲ့သီးသန့်ဌာနအဖြစ် လုပ်ကိုင်သွားမှာ ဖြစ်ပြီး ဌာနချုပ်ကလည်း အင်္ဂလန်၊ ကမ်းဘရစ်ချ်မှာ ဆက်ရှိနေမှာပါ။ Arm အနေနဲ့ ပူးပေါင်းထားတဲ့ စီးပွားဖက်တွေနဲ့ ကြားနေ၊ ပွင့်လင်းလိုင်စင်ကိစ္စတွေကို ဆောင်ရွက်သွားပါမယ်။ Nvidia ဟာ Arm ကိုဝယ်ယူမှုကြောင့် မိုဘိုင်း chipset တွေထုတ်လုပ်လာနိုင်ပါတယ်။

Arm ဟာ ခေတ်သစ်စမတ်ဖုန်းမှာ အသုံးပြုနေတဲ့ SoC ချစ်တွေကို လိုင်စင်ခွင့်ပြုထားပြီး ကမ္ဘာပေါ်က အကျော်ကြားဆုံး ချစ်ပ်ဒီဇိုင်နာကုမ္ပဏီ ဖြစ်ပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««