ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင် သူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ဆေးတက္ကသိုလ် တွေမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့်ရှိသည့် သွားလာ ရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုမှ ၂၀၁၉ ခုနှစ် တက္ကသိုလ် ဝင်စာ မေးပွဲအောင်မြင်ခဲ့သူတွေအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူနေပါတယ်။

ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာကို စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထားလျှောက်ထားရမယ်လို့ သိရပါတယ်။ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူတွေအနေနဲ့ လျှောက်ထားတဲ့အခါမှာ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့ လျှောက်ထား ရမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှာ မေးမြန်းစုံစမ်း နိုင်ပါတယ်။

-သန္တာ