ဒေတာပါရှိသည့် ဆင်းကတ်များကို အူရီဒူးမြန်မာမှလှူဒါန်း

အူရီဒူးမြန်မာမှ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ပံ့ပိုးကူညီမှုပြုလုပ်ပေးတဲ့ နိုင်ငံတော်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုကို ကူညီပေးရန်အတွက် အူရီဒူးဆင်းကတ် ၁,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းထံသို့ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

COVID-19 ရောဂါကြုံတွေ့နေရတဲ့ ကာလအတွင်းမှာ အူရီဒူးမြန်မာအနေနဲ့ မြန်မာပြည်သူများကို အန္တရာယ်ကင်းစွာဖြင့် အချင်းချင်း အဆက်အသွယ်မပြတ်စေဘဲ ဆက်သွယ်ချိတ်ဆက်ပေးလိုတဲ့ရည်ရွယ်ချက်နဲ့ အသွားအလာကန့်သတ်ခြင်းအတွက် သတ်မှတ်ထားတဲ့ နေရာများမှာ နေထိုင်ရသူများ အသုံးပြုနိုင်ဖို့ ရက် ၆၀ သက်တမ်းရှိ 1GB ပမာဏ အခမဲ့ဒေတာနဲ့ TopUp များပါရှိတဲ့ ဆင်းမ်ကတ် ၁,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့ပေးအပ်ပြီး ကူညီလှူဒါန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

-ရဲထွဋ်ဝင်း