ဒုတိယ screen ပါဝင္တဲ့ full screen selfie ဖုန္းကို OPPO မိတ္ဆက္ဖြယ္ရိွ

[ Zawgyi ]

သိပ္မၾကာေသးခင္က ပြဲထုတ္မိတ္ဆက္ခဲ့တဲ့ Find X flagship ဖုန္းရဲ႕ အရြယ္ႀကီးမားတဲ့ display ဟာ screen-to-body အခ်ိဳး ၉၃.၈ ရာခိုင္နႈန္းရိွတယ္လို႔ OPPO က ဆိုပါတယ္။ အဲ့ဒီဟန္းဆက္မွာ 3D facial scanning နဲ႔ pop-up camera setup လို အဆင့္ျမင့္ feature ေတြ တပ္ဆင္ထားပါတယ္။

မၾကာေသးခင္က တ႐ုတ္စမတ္ဖုန္းကုမၸဏီ တင္သြင္းခဲ့တဲ့ မူပိုင္ခြင့္မွာ တီထြင္ဆန္းသစ္တဲ့ ဒီဇိုင္းနဲ႔ feature ေတြပါဝင္တဲ့ စမတ္ဖုန္းသစ္ေတြ မိတ္ဆက္မယ့္အစီအစဥ္ေတြကို ေဖာ္ျပထားပါတယ္။ အဲ့ဒီထဲမွာ ေခါက္စမတ္ဖုန္းအတြက္ မူပိုင္ခြင့္ေတြလည္း ပါဝင္ပါတယ္။ ဒါ့အျပင္ OPPO ဟာ selfie အသားေပး စမတ္ဖုန္းသစ္အတြက္ မူပိုင္ခြင့္ အတည္ျပဳခ်က္ကိုလည္း ကမၻာ့နည္းပညာဆိုင္ရာမူပိုင္ခြင့္အဖြဲ႕ (WIPO) ကေန မၾကာေသးခင္က ရရိွခဲ့ပါတယ္။

မူပိုင္ခြင့္သစ္မွာ ေဖာ္ျပထားခ်က္အရ စမတ္ဖုန္းမွာ full screen ဒီဇိုင္းတစ္ခု ပါဝင္ပါတယ္။ အေရွ႕ဘက္ကင္မရာ မပါဝင္ဘဲ screen ကို အလြန္ေသးငယ္တဲ့ bezel ေတြနဲ႔ အနားကြပ္ထားပါတယ္။ ဒါဟာ ဒီစမတ္ဖုန္းမွာ အထင္ႀကီးစရာေကာင္းတဲ့ screen-to-body အခ်ိဳး ေထာက္ပံ့ထားမယ္ဆိုတဲ့ သေဘာပါ။ ဟန္းဆက္ရဲ႕ေက်ာဘက္က စိတ္ဝင္စားစရာေကာင္းၿပီး dual camera setup တစ္ခုအျပင္ ဒုတိယ touchscreen display တစ္ခုကို ျပသထားပါတယ္။

အဲ့ဒီ ဒုတိယ screen မွာ ကင္မရာနဲ႔ ဖမ္းယူထားတဲ့ ျမင္ကြင္းေတြကို ေတြ႕ျမင္ႏိုင္ပါတယ္။ ဒါ့အျပင္ အဲ့ဒီ screen မွာ night mode, continuous video recording, self-timer စတဲ့ ကင္မရာလုပ္ေဆာင္ခ်က္အခ်ိဳ႕ကို အသံုးျပဳႏုိင္မယ္လို႔ ဆိုပါတယ္။ ပင္မ display က အေရွ႕ဘက္မွာ အလားတူ content ေတြကို ျပသႏိုင္ပါတယ္။ ဒုတိယ display ကို အလြယ္တကူေျပာင္းလဲႏိုင္မယ့္ icon တစ္ခုလည္း ေဖာ္ျပထားပါတယ္။

ဒုတိယ display ကို ေက်ာဘက္ panel ရဲ႕ ထိပ္ဘက္ပိုင္းမွာ ေနရာခ်ထားပါတယ္။ ဒါဟာ သံုးစြဲသူက screen ကို မထိဘဲ စမတ္ဖုန္းကို သက္ေသာင့္သက္သာ ကိုင္တြယ္ႏုိင္မယ့္ နည္းလမ္းပါ။ ေနာက္ထပ္တစ္ပံုမွာေတာ့ ေက်ာဘက္ကင္မရာႏွစ္ခုကို မတူညီတဲ့ အေနအထားနဲ႔ ေနရာခ်ထားပံုကို OPPO က ျပသထားပါတယ္။ ဒါ့အျပင္ ဒီဖုန္းဟာ ဖုန္ဒဏ္နဲ႔ ေရစိုဒဏ္ခံႏိုင္ေၾကာင္း မူပိုင္ခြင့္မွာ ေဖာ္ျပထားပါတယ္။ ဒီမူပိုင္ခြင့္ကို OPPO က ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလမွာ ေလွ်ာက္ထားခဲ့တာျဖစ္ၿပီး WIPO က ဇူလိုင္ ၁၂ မွာ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

အထက္ပါ ဒီဇိုင္းပါဝင္တဲ့ စမတ္ဖုန္းကို ဘယ္အခ်ိန္မွာ မိတ္ဆက္သြားမလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

Ref: GizmoChina

[ Unicode ]

သိပ်မကြာသေးခင်က ပွဲထုတ်မိတ်ဆက်ခဲ့တဲ့ Find X flagship ဖုန်းရဲ့ အရွယ်ကြီးမားတဲ့ display ဟာ screen-to-body အချိုး ၉၃.၈ ရာခိုင်နှုန်းရှိတယ်လို့ OPPO က ဆိုပါတယ်။ အဲ့ဒီဟန်းဆက်မှာ 3D facial scanning နဲ့ pop-up camera setup လို အဆင့်မြင့် feature တွေ တပ်ဆင်ထားပါတယ်။

မကြာသေးခင်က တရုတ်စမတ်ဖုန်းကုမ္ပဏီ တင်သွင်းခဲ့တဲ့ မူပိုင်ခွင့်မှာ တီထွင်ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ feature တွေပါဝင်တဲ့ စမတ်ဖုန်းသစ်တွေ မိတ်ဆက်မယ့်အစီအစဉ်တွေကို ဖော်ပြထားပါတယ်။ အဲ့ဒီထဲမှာ ခေါက်စမတ်ဖုန်းအတွက် မူပိုင်ခွင့်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် OPPO ဟာ selfie အသားပေး စမတ်ဖုန်းသစ်အတွက် မူပိုင်ခွင့် အတည်ပြုချက်ကိုလည်း ကမ္ဘာ့နည်းပညာဆိုင်ရာမူပိုင်ခွင့်အဖွဲ့ (WIPO) ကနေ မကြာသေးခင်က ရရှိခဲ့ပါတယ်။

မူပိုင်ခွင့်သစ်မှာ ဖော်ပြထားချက်အရ စမတ်ဖုန်းမှာ full screen ဒီဇိုင်းတစ်ခု ပါဝင်ပါတယ်။ အရှေ့ဘက်ကင်မရာ မပါဝင်ဘဲ screen ကို အလွန်သေးငယ်တဲ့ bezel တွေနဲ့ အနားကွပ်ထားပါတယ်။ ဒါဟာ ဒီစမတ်ဖုန်းမှာ အထင်ကြီးစရာကောင်းတဲ့ screen-to-body အချိုး ထောက်ပံ့ထားမယ်ဆိုတဲ့ သဘောပါ။ ဟန်းဆက်ရဲ့ကျောဘက်က စိတ်ဝင်စားစရာကောင်းပြီး dual camera setup တစ်ခုအပြင် ဒုတိယ touchscreen display တစ်ခုကို ပြသထားပါတယ်။

အဲ့ဒီ ဒုတိယ screen မှာ ကင်မရာနဲ့ ဖမ်းယူထားတဲ့ မြင်ကွင်းတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီ screen မှာ night mode, continuous video recording, self-timer စတဲ့ ကင်မရာလုပ်ဆောင်ချက်အချို့ကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ပင်မ display က အရှေ့ဘက်မှာ အလားတူ content တွေကို ပြသနိုင်ပါတယ်။ ဒုတိယ display ကို အလွယ်တကူပြောင်းလဲနိုင်မယ့် icon တစ်ခုလည်း ဖော်ပြထားပါတယ်။

ဒုတိယ display ကို ကျောဘက် panel ရဲ့ ထိပ်ဘက်ပိုင်းမှာ နေရာချထားပါတယ်။ ဒါဟာ သုံးစွဲသူက screen ကို မထိဘဲ စမတ်ဖုန်းကို သက်သောင့်သက်သာ ကိုင်တွယ်နိုင်မယ့် နည်းလမ်းပါ။ နောက်ထပ်တစ်ပုံမှာတော့ ကျောဘက်ကင်မရာနှစ်ခုကို မတူညီတဲ့ အနေအထားနဲ့ နေရာချထားပုံကို OPPO က ပြသထားပါတယ်။ ဒါ့အပြင် ဒီဖုန်းဟာ ဖုန်ဒဏ်နဲ့ ရေစိုဒဏ်ခံနိုင်ကြောင်း မူပိုင်ခွင့်မှာ ဖော်ပြထားပါတယ်။ ဒီမူပိုင်ခွင့်ကို OPPO က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ လျှောက်ထားခဲ့တာဖြစ်ပြီး WIPO က ဇူလိုင် ၁၂ မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အထက်ပါ ဒီဇိုင်းပါဝင်တဲ့ စမတ်ဖုန်းကို ဘယ်အချိန်မှာ မိတ်ဆက်သွားမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: GizmoChina