ဒုတိယ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာတဲ့ အီလွန်မက်

နည်းပညာစွန့်ဦးတီထွင်လုပ်ငန်းရှင် အီလွန်မက်ဟာ ပိုင်ဆိုင်မှုတန်ဖိုး မြင့်တက်လာပြီးနောက် Microsoft တည်ထောင်သူ ဘီဂိတ်ကို ကျော်လွန်ပြီး ဒုတိယ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။

အီလွန်မက်ပိုင်တဲ့ ကားကုမ္ပဏီ Tesla ရှယ်ယာမြင့်တက်လာပြီး စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးက ဒေါ်လာ ၇.၂ ဘီလျံ ကနေ ဒေါ်လာ ၁၂၈ ဘီလျံအထိ ရှိလာပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ Amazon တည်ထောင်သူ ဂျက်ဘီဇော့ ဖြစ်တယ်လို့ Bloomberg Billionaires Index ကဖော်ပြခဲ့ပါတယ်။

အီလွန်မက်ရဲ့ လျှပ်စစ်ကားကုမ္ပဏီ ရှယ်ယာကို ဝယ်ယူမှု မြင့်တက်လာတာကြောင့် ကုမ္ပဏီတန်ကြေး ဒေါ်လာ ၅၀၀ ဘီလျံ အထိ ရောက်လာပြီး အီလွန်မက် လုပ်ငန်းပိုင်ဆိုင်မှု တန်ဖိုးလည်း တက်လာပါတယ်။

Tesla ကုမ္ပဏီက ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံးကားကုမ္ပဏီ ဖြစ်ပါတယ်။ Toyota, VW နဲ့ General Motors လိုမျိုး ပြိုင်ဘက်ကားကုမ္ပဏီတွေကလည်း အပြိုင်အဆိုင် ဖြစ်နေပါတယ်။

-စိုးထက်
Ref: BBC

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««