ဒုတိယအကြိမ်မြောက် နိုင်ငံတကာပညာရေး ပြပွဲပြုလုပ်မည်

[ Zawgyi ]




-သန္တာ

[ Unicode ]

ဒုတိယအကြိမ်မြောက် နိုင်ငံတကာပညာရေးပြပွဲ (2nd International Education Fair Myanmar 2018) ကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပြပွဲမှာ ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ Sule Shangri-La Hotel မှာလည်းကောင်း၊ ဇွန်လ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ Hotel Mandalay မှာလည်းကောင်း ကျင်းပသွားမှာပါ။

ပြပွဲမှာ ဆွေးနွေးပွဲများပါ၀င်မှာဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ကျောင်းများမှ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးနိုင်မယ်လို့ သိရပါတယ်။ ပွဲနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း – ၀၉၃၀၃၃၁၄၀၅ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ