ဒုတိယအကြိမ်မြောက် GUSTO Inspiration Talks ကျင်းပမည်

GUSTO Inspiration Talks (Episode – 2) ကို ဒီဇင်ဘာ ၁၂ ရက်၊ ညနေ ၂ နာရီမှာပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါပွဲမှာ GUSTO Alumni ကိုဝေမိုးလွင်ရဲ့ GUSTO University မှ စတင်ခဲ့တဲ့ Student Life မှာ Gold Medallion Award ကို ထူးချွန်စွာ ဆွတ်ခူးခဲ့တဲ့ အပြင် UK အဆင့်မြင့်တက္ကသိုလ်ကြီးမှာ Scholarship များရရှိအောင် ကြိုးစားခဲ့ပုံများ၊ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးများထဲမှ တစ်ခုဖြစ်တဲ့ NUS (National University of Singapore) မှာ ဘွဲ့လွန် Master Degree အတွက် Scholarship များ ရရှိအောင် အားထုတ်ခဲ့ပုံများ၊
Microsoft Company ရဲ့ Joint Venture ဖြစ်သော Avanade Singapore မှာ အလုပ်သင်အခွင့်အရေးမှ အမြဲတမ်းဝန်ထမ်း ဖြစ်အောင် ကြိုးပမ်းတက်လှမ်းခဲ့မှုများ၊ နာမည်​ကျော် Multinational Company ကြီးဖြစ်တဲ့ TDCX Group ရဲ့ Robotic Process Automation ပိုင်းမှာ Leader တစ်ယောက်အနေနဲ့ လုပ်ကိုင်စဉ်ကြုံတွေ့ရတဲ့ အတွေ့အကြုံကောင်းများ၊ စိန်ခေါ်မှုများနဲ့ CEO ကိုယ်တိုင် ရွေးချယ်ချီးမြှင့်တဲ့ Champion Award နှင့် Nomination of Best Employee ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပုံများကို ကြိုတင်လေ့လာထားနိုင်မှာ ဖြစ်ပါတယ်။ GUSTO University ရဲ့ Founder & President ဆရာကြီး ဦးဝင်းထိန်ဝင်းရဲ့ တန်ဖိုးရှိတဲ့ အကြံပေးမှုများကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ https://forms.gle/UU5Rc2fGy1ggi88aA မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««