ဒုတိယသုံးလပတ် စမတ်ဖုန်း တင်ပို့ရောင်းချမှုမှာ Apple ကို နောက်ကောက်ချခဲ့တဲ့ Huawei
၂၀၁၈ ဒုတိယသုံးလပတ် ကမ္ဘာတစ်ဝန်း စမတ်ဖုန်းတင်ပို့ရောင်းချမှု ဈေးကွက်ရှယ်ယာမှာ Huawei က Apple ကို ကျော်တက်ပြီး ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တယ်လို့ IDC, Canalys နဲ့ Stretegy Analytics တို့ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
Ref: TheVerge
[ Unicode ]
၂၀၁၈ ဒုတိယသုံးလပတ် ကမ္ဘာတစ်ဝန်း စမတ်ဖုန်းတင်ပို့ရောင်းချမှု စျေးကွက်ရှယ်ယာမှာ Huawei က Apple ကို ကျော်တက်ပြီး ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တယ်လို့ IDC, Canalys နဲ့ Stretegy Analytics တို့ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
Huawei ဟာ ဒုတိယသုံးလပတ်မှာ ဟန်းဆက် ၅၄ သန်းကျော် တင်ပို့ခဲ့ပါတယ်။ Apple ကတော့ iPhone ၄၁.၃ သန်း တင်ပို့ခဲ့ပြီး Samsung ကတော့ ရ၁.၅ သန်း တင်ပို့ရောင်းချခဲ့ပါတယ်။
IDC ရဲ့ ကိန်းဂဏန်းတွေအရ ဒုတိယသုံးလပတ် စျေးကွက်ရှယ်ယာဟာ ကျဆင်းသွားခဲ့ပြီး Samsung က ၂၀.၉ ရာခိုင်နှုန်း၊ Huawei က ၁၅.၈ ရာခိုင်နှုန်း (ကုမ္ပဏီအတွက် စံချိန်သစ်) နဲ့ Apple က ၁၂.၁ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ခဲ့ပါတယ်။ Apple ဟာ စက်တင်ဘာလမှာ iPhone မော်ဒယ်သုံးမျိုးထက်မနည်း မိတ်ဆက်ဖို့ရှိတာကြောင့် Huawei ရဲ့ ဒုတိယနေရာမှာ ရပ်တည်မှုက ကြာရှည်မခံနိုင်ပါဘူး။
ဒါပေမဲ့လည်း Huawei ဟာ ပြီးခဲ့တဲ့နှစ် ဒုတိယသုံးလပတ်ထက် တင်ပို့ရောင်းချမှုပမာဏ ၄၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ကုမ္ပဏီရဲ့ Honor အမှတ်တံဆိပ်က ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
Honor ဖုန်းတွေဟာ “တရုတ်နည်းပညာကုမ္ပဏီကြီးအတွက် အရေးပါတဲ့ တိုးတက်မှုတစ်ရပ်ဖြစ်ခဲ့တယ်” လို့ IDC က ပြောပါတယ်။ Canalys ကလည်း “ဒီသုံးလပတ်မှာ Huawei ရဲ့ တိုးတက်မှု ၁၆ သန်းနီးပါးရဲ့ သုံးပုံနှစ်ပုံက Honor ကြောင့်ဖြစ်တယ်” လို့ ခန့်မှန်းခဲ့ပါတယ်။ တရုတ်နိုင်ငံပြင်ပကို တင်ပို့ခဲ့တဲ့ Honor ထုတ်ကုန်အရေအတွက် ၄ သန်းနီးပါး ရှိပါတယ်။
ဒီသုံးလပတ်မှာ Huawei P20 နဲ့ P20 Pro ရဲ့ ရောင်းအားက အလွန်ကောင်းမွန်ခဲ့ပါတယ်။ Huawei ဟာ တရုတ်စျေးကွက်ရှယ်ယာမှာ တင်ပို့ရောင်းချမှု ၂၇ ရာခိုင်နှုန်းနဲ့ ဦးဆောင်ခဲ့ပါတယ်။
Ref: TheVerge