ဒီႏွစ္အတြင္း Harmony OS အသုံးျပဳထားတဲ့ ဖုန္းကုိ Huawei ျဖန္႔ခ်ိဦးမည္မဟုတ္

[ Zawgyi ]

Huawei အေနနဲ႔ လာမယ့္လအနည္းငယ္အတြင္း Harmony OS အသုံးျပဳထားတဲ့ စမတ္ဖုန္းကို ျဖန္႔ခ်ိဖို႔ အစီအစဥ္မရွိေသးဘူးလို႔ တရားဝင္ ေျပာၾကားခဲ့ပါတယ္။ Huawei ဒုဥကၠ႒အႀကီးအကဲျဖစ္တဲ့ ဗင္းဆင့္ယန္က နယူးေယာက္မွာျပဳလုပ္ခဲ့တဲ့ မီဒီယာပြဲမွာ ဒီႏွစ္အတြင္း Harmony OS ေထာက္ပံ့ထားတဲ့ဖုန္းကုိ ျဖန္႔ခ်ိဖို႔ အစီအစဥ္မရွိဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ကုမၸဏီအေနနဲ႔ Harmony OS ပါဝင္တဲ့ အျခားစမတ္ထုတ္ကုန္ေတြကုိ ျဖန္႔ခ်ိမယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ဥပမာ တီဗီနဲ႔ စမတ္နာရီမွာ Harmony OS ပါဝင္လာမွာ ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ မတိုင္မီ ေဈးကြက္ထဲကုိ ျဖန္႔ခ်ိသြားမယ္လို႔ သိရပါတယ္။

Huawei အေနနဲ႔ စံသတ္မွတ္ခ်က္တစ္ခု၊ ecosystem တစ္ခုကုိ ဖန္တီးလိုၿပီး မတူညီတဲ့ platform ေတြကုိ အသုံးျပဳထားတဲ့ ဖုန္းကုိ ထုတ္လုပ္မွာ မဟုတ္ဘူးလို႔ ဗင္းဆင့္ယန္ကေျပာခဲ့ပါတယ္။ အေမရိကန္နဲ႔ တ႐ုတ္အၾကားက ဆက္ဆံေရးဆိုးဝါးလာရင္ Huawei က အေမရိကန္စီးပြားဖက္ေတြနဲ႔ ကုန္သြယ္ခြင့္ ပိတ္ပင္ခံရတဲ့အခါ Harmony OS ကို အရန္စီမံကိန္းအျဖစ္ အသုံးျပဳသြားမွာပါ။

လက္ရွိမွာ Huawei အေနနဲ႔ ႏိုင္ငံအၾကားက ကုန္သြယ္ေရးစစ္ပြဲကုိ မေျပၿငိမ္းေသးခင္အထိ ဒုတိယေျမာက္ ရက္ ၉၀ သက္တမ္း ကုန္သြယ္ခြင့္ကုိ ျပန္လည္ရရွိထားပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Huawei အနေနဲ့ လာမယ့်လအနည်းငယ်အတွင်း Harmony OS အသုံးပြုထားတဲ့ စမတ်ဖုန်းကို ဖြန့်ချိဖို့ အစီအစဉ်မရှိသေးဘူးလို့ တရားဝင် ပြောကြားခဲ့ပါတယ်။ Huawei ဒုဥက္ကဋ္ဌအကြီးအကဲဖြစ်တဲ့ ဗင်းဆင့်ယန်က နယူးယောက်မှာပြုလုပ်ခဲ့တဲ့ မီဒီယာပွဲမှာ ဒီနှစ်အတွင်း Harmony OS ထောက်ပံ့ထားတဲ့ဖုန်းကို ဖြန့်ချိဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ကုမ္ပဏီအနေနဲ့ Harmony OS ပါဝင်တဲ့ အခြားစမတ်ထုတ်ကုန်တွေကို ဖြန့်ချိမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဥပမာ တီဗီနဲ့ စမတ်နာရီမှာ Harmony OS ပါဝင်လာမှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ် မတိုင်မီ ဈေးကွက်ထဲကို ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

Huawei အနေနဲ့ စံသတ်မှတ်ချက်တစ်ခု၊ ecosystem တစ်ခုကို ဖန်တီးလိုပြီး မတူညီတဲ့ platform တွေကို အသုံးပြုထားတဲ့ ဖုန်းကို ထုတ်လုပ်မှာ မဟုတ်ဘူးလို့ ဗင်းဆင့်ယန်ကပြောခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်အကြားက ဆက်ဆံရေးဆိုးဝါးလာရင် Huawei က အမေရိကန်စီးပွားဖက်တွေနဲ့ ကုန်သွယ်ခွင့် ပိတ်ပင်ခံရတဲ့အခါ Harmony OS ကို အရန်စီမံကိန်းအဖြစ် အသုံးပြုသွားမှာပါ။

လက်ရှိမှာ Huawei အနေနဲ့ နိုင်ငံအကြားက ကုန်သွယ်ရေးစစ်ပွဲကို မပြေငြိမ်းသေးခင်အထိ ဒုတိယမြောက် ရက် ၉၀ သက်တမ်း ကုန်သွယ်ခွင့်ကို ပြန်လည်ရရှိထားပါတယ်။

Ref: GSMArena