ဒီနှစ်နှောင်းပိုင်း Mac အတွက် ကိုယ်ပိုင်ပရိုဆက်ဆာကို Apple ပြောင်းလဲအသုံးပြု

Apple ဟာ Mac ထုတ်ကုန် တချို့အတွက် ကိုယ်ပိုင်ဆီလီကွန်ချစ်ပ်တွေကို တရားဝင် ပြောင်းလဲ အသုံးပြုပါမယ်။ “Mac အတွက် သမိုင်းဝင်နေ့ရက်” လို့ Apple စီအီးအို တင်မ်ကွတ်ခ်က ခေါ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် PowerPc, Mac OS X နဲ့ အနာဂတ်အတွင်း Mac တွေမှာ ARM ထောက်ပံ့ထားတဲ့ Apple ရဲ့ကိုယ်ပိုင် ဆီလီကွန်တွေ အသုံးပြုမယ့် အစီအစဉ် အသေးစိတ်ကိုလည်း ပြောခဲ့ပါတယ်။ ဒါကြောင့် အနာဂတ်မှာ macOS က native iOS app နဲ့ macOS app တွေကို အတူတကွ ထောက်ပံ့ပေးနိုင်တော့မှာပါ။

နှစ်ကုန်မှာ Apple ကဆီလီကွန်ပါဝင်တဲ့ ပထမဆုံး Mac ကိုဖြန့်ချိပါမယ်။ အပြောင်းအလဲလုပ်ဖို့ ၂ နှစ်လောက် ကြာမြင့်ပါဦးမယ်။ Intel ထောက်ပံ့ထားတဲ့ Mac ကွန်ပျူတာတွေ ကလည်း ဆက်လက်ရှိနေပါမယ်။ Apple အနေနဲ့ ARM အခြေခံ Mac တွေကို သီးသန့်ထုတ်လုပ်မှာ မဟုတ်ပါဘူး။

ARM အခြေခံ ချစ်ပ်ပြောင်းလဲမှုက အနာဂတ်မှာ macOS ပေါ်မှာ iOS နဲ့ iPadOS app တွေသုံးလာနိုင်ပါမယ်။ “App အများစု အလုပ်လုပ်မယ်” လို့ Apple ကပြောထားပါတယ်။

ကိုယ်တိုင် ထုတ်ထားတဲ့ ပရိုဆက်ဆာက စွမ်းဆောင်ရည်ပိုကောင်းပြီး စွမ်းအင် အသုံးပြုမှု နည်းပါးပါမယ်။

Apple အနေနဲ့ Mac အတွက် SoC ကို ဒီဇိုင်းထုတ်ထားပါတယ်။ Apple ထုတ်ကုန်က ARM အခြေခံ တည်ဆောက်မှုကြောင့် developer တွေက app တွေကို အလွယ်တကူ ရေးသားချိန်ညှိနိုင်ပါမယ်။

စိုးထက်
Ref: TheVerge