ဒီနေ့မှာ မိတ်ဆက်မယ့် OnePlus Band

OnePlus ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်လက်ပတ် OnePlus Band ကိုတော့ ဇန်နဝါရီ ၁၁ ရက်မှာ အိန္ဒိယဒေသတွင်း စံတော်ချိန် နံနက် ၁၁ နာရီမှာ အွန်လိုင်းကနေ မိတ်ဆက်သွားပါမယ်။ စမတ်လက်ပတ်မှာ သွေးအောက်ဆီဂျင်တိုင်းတာပေးမယ့် SpO2 sensor ပါဝင်လာပါမယ်။

OnePlus Band ကိုတော့ Amazon ကနေပဲ ရောင်းချသွားပါမယ်။ Amazon ကတော့ ဝက်ဘ်ဆိုက်မှာ ကြော်ငြာ စာမျက်နှာတစ်ခုကို ပြသထားပြီး ထုတ်ကုန်အချက်အလက် အနည်းငယ် ဖော်ပြထားပါတယ်။ OnePlus Band မှာတော့ အိပ်စက်တာကို ခြေရာခံတာအပြင် အချိန်နဲ့တစ်ပြေးညီ နှလုံးခုန်နှုန်း တိုင်းတာမှုအပြင် သီချင်းထိန်းချုပ်မှုနဲ့ ဖုန်၊ ရေဒဏ်ခံနိုင်ရည် ရှိပါတယ်။

OnePlus Band မှာတော့ လေ့ကျင့်ခန်း mode ၁၃ ခုပါဝင်ပြီး ယောဂ၊ ရေကူးနဲ့ ခရစ်ကတ် ကစားတာတွေ ပါဝင်လာပါတယ်။ OnePlus ကတော့ ဘက်ထရီ ၁၄ ရက်အထိ အသုံးပြုနိုင်တယ်လို့ ပြောထားပါတယ်။

OnePlus Band မှာတော့ ၁.၁ လက်မ AMOLED touchscreen ပါဝင်မယ်လို့ ကောလာဟလထွက်နေပြီး ဈေးနှုန်း ၃၅ ဒေါ်လာ ကျသင့်နိုင်ပါတယ်။

စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««