ဒီဇိုင်းသစ် TCL ရှေ့ပြေးပုံစံ ခေါက်စမတ်ဖုန်း

TCL ဟာ ပျော့ပျောင်းတဲ့ မျက်နှာပြင်တွေကို slide လုပ်ပြီး ဖြန့်နိုင်မယ့် ရှေ့ပြေးပုံစံ ဖုန်းအသစ်ကို ဖန်တီးနေပါတယ်။ TCL ဟာ ခေါက်နိုင်တဲ့ concept ကိုယ်ပိုင်ဖုန်းတွေကို ဖန်တီးနေပြီး Galaxy Z Flip နဲ့ Motorola Razr လိုမျိုး ခေါက်စမတ်ဖုန်းသစ်ထွက်ရှိဖို့ ကြိုးပမ်းနေပါတယ်။

TCL ခေါက်စမတ်ဖုန်းဒီဇိုင်းက သမားရိုးကျဖုန်းနဲ့ ဆင်ပေမယ့် ဖုန်းကို tablet အဖြစ် အသွင်ပြောင်းနိုင်ဖို့ ဆွဲထုတ်ရပါမယ်။ TCL ဟာ concept ဖုန်းကို ဒီလမှာ ပြုလုပ်မယ့် Mobile World Congress ပြပွဲမှာ ပြသဖို့ စီစဉ်ထားခဲ့ပါတယ်။ MWC ပွဲဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှုကြောင့် ဖျက်သိမ်းထားပါတယ်။

ဓာတ်ပုံတွေအရ TCL concept ဖုန်းဒီဇိုင်းမှာ display တစ်ခုတည်းကို အသုံးပြုထားပြီး အနားကွေးတွေပါဝင်လာပါတယ်။ ဖုန်းအလယ်တည့်တည့်နဲ့ ရှေ့ကင်မရာအကြားက သတ္တုကိုယ်ထည်အတွင်းမှာ ဘရိတ်တစ်ခုရှိပြီး မျက်နှာပြင်အကြီးတစ်ခု ဖြစ်ပေါ်လာအောင် ဆွဲထုတ်ရပါမယ်။ ဖုန်းရဲ့ပုံစံက စားပွဲတစ်ခုကို ဆွဲထုတ်ပုံဆွဲထုတ်နည်းနဲ့ ဆင်ပါတယ်။ TCL ဖုန်းမှာ ဘယ်လိုစနစ် အသုံးပြုထားသလဲဆိုတာ မသိသေးပါဘူး။ ခန့်မှန်းချက်အရ ပျော့ပျောင်းတဲ့ display ကိုကွေးနိုင်အောင် ဒါမှမဟုတ် ပတ်နိုင်အောင် ပြုလုပ်ထားတဲ့ အရာတစ်ခု ပါဝင်လာနိုင်ပါတယ်။ ဒါကြောင့် ဖုန်းကလည်း အနည်းငယ်ထူထဲနေတာ ဖြစ်နိုင်ပါတယ်။

စိုးထက်
Ref: CNET