ဒီဇိုင်းသစ်နဲ့ထွက်လာမယ့် LG Velvet 5G ဖုန်း

မကြာသေးမီက LG အနေနဲ့ စမတ်ဖုန်းလုပ်ငန်းကို ပြင်ဆင်မယ့် အစီအစဉ်ကို ကြေညာထားပါတယ်။ LG စမတ်ဖုန်း အမှတ်တံဆိပ်ကို ရိုးရှင်းအောင် ဖန်တီးပြီး ဒီဇိုင်းသစ်အသုံးပြုသွားပါမယ်။ LG Velvet ဟာနည်းဗျူဟာအရ အရေးကြီးတဲ့ ပထမဆုံးထုတ်ကုန် ဖြစ်ပါတယ်။ အခုဆိုရင် LG Velvet ဖုန်းရဲ့ တရားဝင်ဗီဒီယို မိတ်ဆက်လိုက်ပါတယ်။

LG Velve ဖုန်းမှာ ကွဲပြားတဲ့ကင်မရာ ဒီဇိုင်း အသုံးပြုထားပါတယ်။ LG Velvet ကျောဘက်ကင်မရာကို ဒေါင်လိုက်စီထားပြီး ကင်မရာ glass တွေက ရေစက်ပုံစံဖြစ်ပါတယ်။ ကျောဘက်ကင်မရာရဲ့ ထိပ်ဆုံး ကင်မရာကတော့ အကြီးမားဆုံးဖြစ်ပြီး LED flash ကတော့ သေးငယ်ပါတယ်။

LG Velvet ဖုန်းဘေးဘက်မှာ အကွေးဒီဇိုင်းသုံးထားတဲ့အတွက် ကိုင်ရတာ လွယ်ကူပါတယ်။ LG Velvet ဟာ အခြားဖုန်းတွေနဲ့ ကွာခြားအောင် glossy finish ကို ရွေးချယ်ထားပါတယ်။

LG Velvet ကိုအနက်၊ အစိမ်းနဲ့ အထူးဗားရှင်း အဖြူရောင်လည်း ထုတ်လုပ်နိုင်ပါတယ်။ LG Velvet ကို ပန်းရောင်နဲ့ လိမ္မော်ပေါင်းစပ်ထားတဲ့ ဗားရှင်းလည်း ထွက်ပါမယ်။

LG Velvet ရှေ့ဘက်မှာ နာမည်ကျော် 21:9 aspect ratio ကိုအသုံးပြုထားပါတယ်။ ဖုန်းရှေ့ဘက်မှာ notch ပါဝင်တဲ့အတွက် in-screen fingerprint scanner ပါဝင်လာဖွယ်ရှိပါတယ်။ LG Velvet မှာ USB-C port နဲ့အတူ စပီကာနဲ့ လူကြိုက်များတဲ့ 3.5mm နားကြပ်ပေါက်ပါဝင်လာနိုင်ပါတယ်။

LG Velvet မှာ Qualcomm Snapdragon 765 ပါဝင်မယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ LG Velvet ဖုန်းမှာ 5G ထောက်ပံ့မှု ပါဝင်လာမှာပါ။ LG Velvet ဟာ ဈေးနှုန်းသက်သာတဲ့ 5G ဖုန်းဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: PhoneArena