ဒီဇိုင်းသစ်ကို Snapchat စမ်းသပ်နေ

Snap ဟာ တစ်နှစ်အတွင်း app ကိုပြန်လည် ပုံဖော်ဖို့ အရေးပါတဲ့ စမ်းသပ်မှု ၂ ခုကို ပြုလုပ်နေပါတယ်။ Snapchat ရဲ့သုံးစွဲသူအနည်းငယ်မှာပဲ စမ်းသပ်မှု ၂ ခုကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ Snap ဟာ Android နဲ့ iOS အတွက် Snapchat app ဒီဇိုင်းပိုင်းပြောင်းလဲနေပြီး Snap Map အတွက် နေရာအသစ်နဲ့ မူလဗီဒီယိုအစီအစဉ်တွေ ထည့်သွင်းနေပါတယ်။

နောက်ထက် စမ်းသပ်မှုတစ်ခုကတော့ Snapchat အတွင်း Discover စာမျက်နှာပေါ်က မဂ္ဂဇင်းစတိုင် stories နဲ့တွဲဖက်ပြီး အချိန်နဲ့တစ်ပြေးညီ သတင်းအတိုလေးတွေ ထည့်သွင်းနေပါတယ်။ ဒီဇိုင်းပိုင်းပြောင်းလဲမှု စမ်းသပ်မှုမှာ app ကို မျက်နှာပြင် ၅ ခုအထိ ခွဲခြမ်းနိုင်လာပါတယ်။ လက်ရှိ Snapchat ကိုဖွင့်လိုက်ရင် Discover စာမျက်နှာက ညာဘက်နဲ့ chat တွေကို မြင်ရပါမယ်။ ဒီဇိုင်းသစ်မှာတော့ Snap Map က chat တွေရှိတဲ့ ဘယ်ဘက်ခြမ်းမှာ ရောက်လာပြီး သူငယ်ချင်းတွေရဲ့ တည်နေရာကို ပြသပေးပါတယ်။

Discover ကိုတော့ Community လို့အမည်ပြောင်းထားပါတယ်။ Snap ရဲ့မူလ စီးရီးတွေမှာ ဒရာမာတွေနဲ့ reality စတိုင်အစီအစဉ်တွေကို Community မှာကြည့်နိုင်ပါတယ်။

-စိုးထက်
Ref: TheVerge